🌹2🌹

23.2K 1.3K 301
                                    

(Unicode Version)

(၁၄)နှစ်ခန့်ကြာပြီးနောက်-
လန်ဒန်မြို့ရှိစားသောက်ဆိုင်တစ်ခုတွင်...
ဆိုင်ထဲမှာ အနောက်တိုင်းသား လူငယ်တစ်စုက ပျော်ရွှင်ရယ်မောစွာ စကားပြောနေကြလေသည်။ ထူးခြားတာက ထိုစကားဝိုင်းကို ဦးဆောင်နေသူက အရှေ့တိုင်းသား လူငယ်တစ်ဦး ဖြစ်နေခြင်းပင်။ အသားလတ်ပြီး (၆)ပေကျော်မျှရှိတဲ့ အရပ်အမောင်းနဲ့ ညို့မှိုင်းတဲ့ မျက်ဝန်းတစ်စုံကြောင့် မြင်သူတိုင်း စွဲမက်လောက်ပေသည်။ ပြုံးနေတဲ့ နှုတ်ခမ်းတစ်စုံက ထွက်ကျလာတဲ့ စကားသံကလည်း ကြားရသူတိုင်းကို ညှို့ယူဆွဲငင်နိုင်စွမ်းရှိနေပြန်သည်။

"ဒီနှစ်ပြီးရင် နင်က မြန်မာပြည်ကို ပြန်တော့မှာမလား...Theo!?"

ထိုမေးခွန်းကို မေးလိုက်တဲ့ မိန်းကလေးရဲ့အသံထဲမှာ ဝမ်းနည်းမှုက ရောယှက်နေခဲ့လေသည်။

"ဟုတ်တယ်။ မြန်မာပြည်ကို ပြန်ရောက်တာနဲ့ အလုပ်ဝင်ရမှာ။"

"မင်းက မသွားရသေးဘူး။ Jessicaက ငိုတော့မလို ဖြစ်နေပြီ။"

Jackရဲ့စကားကြောင့် Theoက Jessicaကို လှမ်းကြည့်လိုက်တော့သည်။

"Jessica...နင် ငါ့ကို ကြိုက်နေတာလား!?"

Theoရဲ့မျက်ဝန်းအစုံက နူးညံ့မှုဆိုတာမျိုး ရှိမနေဘဲ ပကတိ အေးစက်လွန်းလှသည်။ သူ့အကြည့်နဲ့ ရင်ဆိုင်ရသူတိုင်းကိုလည်း အညှို့ခံလိုက်ရသလိုမျိုး ပြောစရာစကားတွေ ပျောက်ရှစေနိုင်‌ပေသည်။

"Jessica...Theo မေးနေတယ်လေ။"

ဘေးလူတွေဆီက တိုက်တွန်းသံကို ကြားမှ Jessicaက ပြန်လည်သတိဝင်လာခဲ့လေသည်။

"ငါ နင့်ကို ကြိုက်တယ်။"

"Jessicaကတော့ ဖြေပြီးပြီ။ Theo...မင်းကရော!? သူ့ကို သဘောကျတယ်မလား!?"

Jackရဲ့စကားကြောင့် Theoက ပဟေဠိဆန်ဆန် ပြုံးလိုက်တော့သည်။ သူတို့အားလုံး ခင်မင်လာခဲ့ကြတာ (၄)နှစ်နီးပါး ရှိသွားပေမယ့် ဘယ်သူမှ Theoရဲ့စိတ်ကို ခန့်မှန်းနိုင်ခြင်းမရှိခဲ့ပေ။ Theoက တစ်ခါတလေမှာ ဟာသတွေ ပြောနေနိုင်ပြီး ချက်ချင်းဆိုသလို တစ်စုံတစ်ခုကို အလေးအနက်တွေးနေတာမျိုးလည်း ဖြစ်သွားနိုင်လေသည်။

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now