🌹32🌹

4.3K 406 37
                                    

(Unicode Version)


အိမ်တံခါးဝကနေ ဝင်လာပြီး ဧည့်ခန်းဆီသို့ အရောက်မှာ သိင်္ဂါရ ကြားလိုက်ရသည်က ထေ့ငေါ့ပြောဆိုမှုတစ်ခုသာ ဖြစ်လေသည်။

"မေမေ့နာရေးကို လျစ်လျူရှုပြီး ဘယ်နေရာမှာများ အပျော်သွားရှာနေတာလဲ!?"

လင်္ကာမျိုးရဲ့စကားကို သိင်္ဂါရက တုံ့ပြန်ခြင်းမပြုဘဲ ဦးဒီပရဲ့ဒေါသမျက်ဝန်းတွေကိုသာ ငေးကြည့်နေမိသည်။ မနေ့ကအထိ ဖခင်ဖြစ်သူနဲ့ ဆက်ဆံရေးအဆင်ပြေလာပြီဟု သူ ယူဆခဲ့သမျှကလည်း သဲထဲရေသွန်ဖြစ်သွားခဲ့လေပြီ။

"ကျွန်တော် ကိစ္စလေးတစ်ခုရှိလို့ နောက်ကျသွားတာပါ...ဖေဖေ။"

"ရည်းစားနဲ့ အပျော်လွန်ပြီး နောက်ကျသွားတာလို့ ပွင့်ပွင့်လင်းလင်း ပြောစမ်းပါကွာ။"

ငြင်းဆန်လို့ မရနိုင်တဲ့ စွပ်စွဲချက်တစ်ခုမို့ သိင်္ဂါရ ခေါင်းငုံ့ခံနေရုံမှတစ်ပါး အခြားမရှိတော့ပေ။

"တောက်!!!"

ကျယ်လောင်လွန်းလှတဲ့ တောက်ခေါက်သံနဲ့အတူ ဦးဒီပက သူတို့အားလုံးကို ကျောခိုင်းပြီး ခြံထဲသို့ ထွက်သွားလေသည်။

"သိင်္ဂါရ...မင်းရဲ့လက်က ‌ဘာဖြစ်လာတာလဲ!?"

မိသားစုအရေးမို့ ဝင်မပါဘဲ ငြိမ်သက်နေခဲ့တဲ့ မင်းခန့်က သိင်္ဂါရဆီသို့ လျှောက်လှမ်းလာပြီး ဒဏ်ရာကို စိုးရိမ်တကြီးကြည့်ပေးခဲ့သည်။

"ဓါးရှလာတာလား!? ဘာလို့ အမြှောင်းလိုက်ကြီး ဖြစ်နေတာလဲ!?"

ထိုမေးခွန်းတွေကို ဖြေဆိုချင်စိတ်မရှိသေးတဲ့ သိင်္ဂါရက စကားလမ်းကြောင်းလွှဲလိုက်သည်။

"မေမေ ဘယ်မှာလဲ!?"

အဖက်လုပ်ခြင်းမခံရတဲ့ လင်္ကာမျိုးက သူတို့နှစ်ဦးကို မကျေနပ်သလို ကြည့်ပြီး အပေါ်ထပ်သို့ တက်သွားတော့သည်။

"ညနေတုန်းက ငါ စစ်ဆေးကြည့်ပြီးတော့ ရေခဲတိုက်ကို ပို့ခိုင်းလိုက်တယ်။"

"ငါ မေမေ့ကို တွေ့ချင်တယ်။"

"တွေ့ရမှာပါ။ ဒါပေမဲ့ လက်က ဒဏ်ရာကို ဆေးအရင်ထည့်လိုက်ဦး။"

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now