🌹20🌹

7.4K 580 184
                                    

(Unicode Version)


နံနက်(၇)နာရီခန့်တွင်-

တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်နဲ့အတူ Theo ပြန်လည်နိုးထလာချိန်မှာ စိတ်က လန်းဆန်းကြည်လင်နေခဲ့သည်။ ဘာဖြစ်ခဲ့လဲလို့မမေးဘဲ သူ တကယ်လိုအပ်နေတဲ့ နွေးထွေးမှုကိုသာ သိင်္ဂါရက ပေးအပ်ခဲ့တာမို့ ဝန်လေးခြင်းဆိုတာမျိုးလည်း မဖြစ်ပေါ်ခဲ့ပေ။ လူကိုယ်တိုင်ရှိမနေရင်တောင်မှ အငွေ့အသက်လေးကအစ စိတ်နှလုံးကို ငြိမ်းချမ်းစေနိုင်ပေသည်။

"မင်းက ကိုယ့်ရဲ့ကယ်တင်ရှင်လေးပဲ။"

သိင်္ဂါရရဲ့ခေါင်းအုံးလေးကို နမ်းရှိုက်ပြီး Theo တစ်ယောက်တည်း ရေရွတ်နေရင်းနဲ့ မီးဖိုချောင်ဘက်က အသံတစ်ခုကြားလိုက်ရတော့သည်။ သိင်္ဂါရရှိနေလောက်တဲ့ ထိုနေရာသို့ Theoက တိတ်တဆိတ်ထွက်လာပြီး စိတ်ဝင်တစားနဲ့ ကော်ဖီဖျော်နေသူရဲ့ခါးလေးကို ဖက်တွယ်ထားလိုက်သည်။

"ငါ ဆူညံနေလို့ လန့်နိုးသွားတာလား!?"

Theoက မေးစေ့ကို သိင်္ဂါရရဲ့ပခုံးလေးပေါ် မှီတင်ထားပြီး တိုးညင်းစွာ ပြန်ဖြေပေးခဲ့သည်။

"မဟုတ်ပါဘူး။ နိုးနေတာက ကြာပြီ။ ဇိမ်ယူပြီး ဆက်လှဲနေတာ။"

"မင်းက အပျင်းလေးပဲ။"

"ဘာကူလုပ်ပေးရမလဲ!?"

"ငြိမ်ငြိမ်လေး ထိုင်နေတာက ကူညီပေးခြင်းတစ်မျိုးပဲ။"

"ဘာလို့လဲ!? ဒီအတိုင်းလေး နေလို့ မရဘူးလား!?"

"မရဘူး။ လည်ပင်းနားမှာ အဲ့လိုလာနေရင် စိတ်ထဲ ယားကျိကျိနဲ့။"

"ဒီလိုလေးလား!?"

Theoက သိင်္ဂါရရဲ့လည်တိုင်လေးကို လေနဲ့ မှုတ်ပြီး စလိုက်သည်။

"Theo...လာစမနေနဲ့။ ကော်ဖီတွေ မှောက်ကုန်လိမ့်မယ်။"

ထိုအခါကျမှ Theoက စနောက်နေတာကို ရပ်တန့်ပြီး ထမင်းစားပွဲမှာ ဝင်ထိုင်ခဲ့သည်။ သိင်္ဂါရလည်း ကော်ဖီခွက်ကို ယူလာပြီး Theoရှေ့မှာ ချပေးရင်းနဲ့ ပြောလိုက်လေသည်။

"မနက်စာငတ်မှာကို ကြောက်တယ်ပေါ့။"

"မင်း အပူလောင်မှာကို စိုးရိမ်တာပါ။"

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now