🌹45🌹

4.1K 360 70
                                    

(Unicode Version)


လွန်ခဲ့သော (၁၄)နှစ်ခန့်က-

"ရသ...အစ်ကို မင်းကို ထမင်းခွံ့ကျွေးမယ်လေ။"

ထမင်းမစားဘဲ စိတ်ကောက်နေတဲ့ စိုင်းရသဦးကို စိုင်းဝီရမောင်က မနည်းချော့မော့ကျွေးနေရလေသည်။

"ဆေးရုံက ဆင်းရင် ကိုကို့ဆီ ခေါ်သွားပေးမယ်ဆိုပြီး ဘာလို့ လိမ်ရတာလဲ!?"

"အစ်ကို စုံစမ်းပေးနေပါတယ်။ ခဏလောက်ပဲ စောင့်ပေးပါ။"

ထိုစကားက အလိမ်အညာစကားမှန်း စိုင်းရသဦး သိရှိနေပေသည်။ သူ့ကို အစ်ကိုသိင်္ဂါရနဲ့ အမှန်တကယ် ဆုံတွေ့ပေးဖို့ ဆန္ဒရှိခဲ့ပါလျှင် အဖွားဖြစ်သူဆီမှာ မေးကြည့်လို့ ရနိုင်မှန်း သိပြီးသားပင်။

"ဖွားဖွားက ကိုကို့မိဘတွေကို သိတယ်လေ။ ဖွားဖွားကို သွားမေးကြည့်လိုက်လို့ ရတာပဲ။"

"ညီလေးရဲ့ဖွားဖွားက ကျန်းမာရေးမကောင်းလို့ အိပ်ရာထဲ လဲနေရှာတာ။ ဦးစိုင်းမောင်ကလည်း အဲ့အခန်းထဲကို ဘယ်သူမှ မဝင်ရဘူးလို့ မှာထားတယ်လေ။"

"အစ်ကိုက ကျွန်တော့်ကို လိမ်နေတာ..."

ထိုကလေးငယ်ရဲ့စိတ်ကို ဘယ်လိုနည်းလမ်းမျိုးနဲ့ နှစ်သိမ့်ပေးရမယ်မှန်း စိုင်းဝီရမောင် မသိခဲ့ပေ။ သူ့ဆန္ဒအတိုင်း ဒေါ်နန်းခမ်းမူဆီကို သွားမေးဖို့ကလည်း မဖြစ်နိုင်တာ သေချာနေခဲ့သည်။ အကြောင်းအရင်းကို သေချာမသိခဲ့ရပေမယ့် စိုင်းရသဦးရဲ့(၇)နှစ်ပြည့် မွေးနေ့ပွဲမှာ ဒေါ်နန်းခမ်းမူက သိင်္ဂါရရဲ့မိဘတွေကို ဒေါသတကြီးနှင်ထုတ်ခဲ့ဖူးလေသည်။ ပန်းခြံထဲမှာ သွားကစားနေတဲ့ စိုင်းရသဦးကတော့ ထိုကိစ္စတွေကို မသိရှိလိုက်ဘဲ သိင်္ဂါရအပေါ်မှာ ခင်တွယ်သွားရှာတော့သည်။

"အစ်ကိုသိင်္ဂါရရဲ့အိမ်ကို သိရအောင် စုံစမ်းပေးထားပါ့မယ်။ ဒီထမင်းလေးကိုတော့ စားလိုက်ပါနော်..."

"မယုံဘူး။ အစ်ကိုက လူလိမ်...ကျွန်တော့်အနားမှာလည်း လာမနေနဲ့။ ထွက်သွား..."

အတင်းနှင်လွှတ်နေတဲ့ ကလေးငယ်အတွက် စိတ်သက်သာရာရစေဖို့ စိုင်းဝီရမောင်က အခန်းထဲကနေ ထွက်သွားပေးခဲ့လေသည်။

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now