🌹25🌹

5.8K 495 91
                                    

(Unicode Version)⚠️⚠️⚠️


ည(၉)နာရီခန့်တွင်-

ဆန်းဝင်းက အသိစိတ်ပြန်ဝင်လာချိန်မှာ အခန်းလွတ်တစ်ခုထဲသို့ ရောက်ရှိနေပြီး ဖမ်းချုပ်ခံထားရကြောင်းကို သိရှိသွားလေသည်။ ထို့နောက် မလှမ်းမကမ်းတစ်နေရာက လူတစ်ယောက်ကိုလည်း မြင်တွေ့လိုက်ရသည်။ အမှန်တော့ လူရယ်လို့ မဆိုသာအောင် ပုံပျက်ပန်းပျက်ဖြစ်နေသူပင်။ လက်ချောင်း၊ ခြေချောင်းတွေက သွေးတွေ စိုရွှဲနေပြီး အဝတ်မပါတဲ့ ခန္ဓာကိုယ်ပေါ်မှာ ‌ကြာပွတ်ရာနဲဲ့ မီးလောင်ဒဏ်ရာတွေကလည်း အပြည့်ရှိနေပြန်သည်။

"ခင်‌‌ဗျားက ဘယ်သူလဲ!?"

ထိုလူက ဆန်းဝင်းကို ပြန်မဖြေနိုင်ဘဲ ပိန်လှီနေတဲ့ ခန္ဓာကိုယ်အတွက် လေရရှိအောင် အားတင်းပြီး ရှုနေရသလိုပင်။ ဆန်းဝင်းလည်း အခန်းပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်မိချိန်မှာ အလုံပိတ်အခန်းတစ်ခုဖြစ်ပြီး နှိပ်စက်တဲ့ပစ္စည်းအချို့ကလွဲရင် တခြားဘာမှရှိမနေခဲ့ပေ။ ဤနေရာသို့ ရောက်ရှိလာရတဲ့ အဖြစ်အပျက်အလုံးစုံကို ဆန်းဝင်း ပြန်စဉ်းစားကြည့်လိုက်မိသည်။ မနေ့က နောင်ချိုမှာ အရောင်းအဝယ်ကိစ္စဆွေးနွေးနေရင်းနဲ့ မိန်းမဖြစ်သူအဖမ်းခံရတယ်ဆိုတဲ့ သတင်းကြောင့် ပြင်ဦးလွင်ကို သူ အမြန်ပြန်လာခဲ့ရသည်။ ပြန်ပေးဆွဲသမားတွေနဲ့ ချိန်းဆိုထားတဲ့နေရာကို ရောက်ရှိလာပြီး စောင့်ဆိုင်းနေချိန်မှာ နောက်ကွယ်ကနေ လူတစ်ယောက် ထွက်ပေါ်လာပြီး သူ့ကို တိုက်ခိုက်ခဲ့သည်။ သူ့ဘက်က ပြန်ခုခံခဲ့ပေမယ့် တစ်ဖက်လူကို မယှဉ်နိုင်ဘဲ ခေါင်းကလည်း အရိုက်ခံလိုက်ရတာမို့ မေ့မျောသွားခဲ့ခြင်းပင်။ ခဏအကြာမှာ တံခါးဖွင့်သံကို ကြားလိုက်ရပြီး သားသားနားနားဝတ်ဆင်ထားတဲ့ လူငယ်နှစ်ဦးက အခန်းထဲသို့ ဝင်လာခဲ့လေသည်။

"သတိရလာပြီလား!?"

စူးရဲလွန်းလှတဲ့ အကြည့်တွေကို ပိုင်ဆိုင်ထားသူက လှမ်းမေးခဲ့တာမို့ ဆန်းဝင်းလည်း ခပ်မာမာ ပြန်ဖြေလိုက်တော့သည်။

"ငါ့မိန်းမရော!?"

ထိုလူငယ်က လှောင်သလိုပုံစံမျိုးနဲ့ ပြုံးလိုက်သည်။

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)حيث تعيش القصص. اكتشف الآن