🌹58🌹

3.8K 366 67
                                    

(Unicode Version)

တစ်ပတ်ခန့်ကြာပြီးနောက်-

လင်္ကာမျိုးနဲ့ ကလျာရဲ့မင်္ဂလာပွဲက ကုမ္ပဏီနှစ်ခုကို ပေါင်းစပ်ပေးလိုက်တဲ့ အခမ်းအနားမို့ ဧည့်ပရိသတ်ကလည်း စုံလင်နေခဲ့လေသည်။ ရည်မှန်းချက်တွေ ပြည့်မြောက်တော့မှာကို တွေးပြီး လင်္ကာမျိုးက ပျော်ရွှင်နေပေမဲ့ သတို့သမီးဖြစ်သူ ကလျာကတော့ ပျော်ရွှင်မှုကို လုံးဝရှာမတွေ့ခဲ့ပေ။

ချစ်တဲ့သူနဲ့ ကွေကွင်းရတဲ့အပြင် မချစ်မနှစ်သက်သူနဲ့ ပေါင်းဖက်ရမယ့် ကလျာ့အတွက် မြင်သမျှက မနှစ်မြို့ဖွယ်ရာချည်းသာ ဖြစ်နေခဲ့သည်။ ပိုဆိုးတာက ဖခင်ဖြစ်သူ ဦးဟိန်းထက်က မကျန်းမမာဖြစ်ပြီး အိပ်ရာထဲမှာ လဲနေခြင်းကြောင့်ပင်။ ထိုအချိန်မျိုးမှာမှ လက်ထပ်ပွဲကျင်းပဖို့ အတင်းအကြပ်တိုက်တွန်းခဲ့တဲ့ လင်္ကာမျိုးကိုလည်း သူမ မကျေမနပ် ဖြစ်မိပြန်သည်။

သို့ပေမဲ့ ဖွင့်ဟပြောလို့ မဖြစ်နိုင်တဲ့ ဘဝမျိုးမို့ စိတ်လေးလံစွာဖြင့် စီမံချက်အတိုင်း သူမ လိုက်ကပေးခဲ့ရသည်။

"ဘာဖြစ်နေတာလဲ...ကလျာ!?"

လင်္ကာမျိုးရဲ့အသံကြောင့် ကလျာက အတွေးတွေကို ပြန်စုစည်းပြီး ဖြေပေးခဲ့သည်။

"အပြင်ဘက်မှာ လေကောင်းလေသန့် သွားရှုချင်တယ်။"

"အခမ်းအနားက ခဏနေရင် စတော့မှာ။"

"ကလျာ ခေါင်းသိပ်မကြည်လို့ပါ။ ခဏပါပဲ။"

လင်္ကာမျိုးက ထိုတောင်းဆိုချက်ကို သဘောမကျပေမဲ့ ပြဿနာမဖြစ်ချင်တဲ့စိတ်နဲ့ လိုက်လျောပေးခဲ့တော့သည်။

"မြန်မြန်ပြန်လာခဲ့...ပွဲက နောက်နာရီဝက်ဆို စတော့မှာနော်။"

ခွင့်ပြုချက်ရချိန်မှာ ကလျာက ဝေးရာဆီသို့ ခပ်မြန်မြန် ထွက်လာခဲ့မိသည်။ စိတ်ရှိတိုင်းသာ ပြုလုပ်ခွင့်ရှိပါက ထိုမင်္ဂလာပွဲကနေ ထွက်ပြေးပြီး သိင်္ဂါရရဲ့ခွင့်လွှတ်မှုကို သူမ တောင်းခံမိပေလိမ့်မည်။

ခဏတာအတွင်းမှာ ဖြစ်လာခဲ့တဲ့ ဒေါသစိတ်ကြောင့် သိင်္ဂါရအပေါ် ရိုင်းစိုင်းကြမ်းတမ်းစွာ ပြောဆိုခဲ့တာကိုလည်း နောင်တရမိလေသည်။

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now