🌹5🌹

12.6K 823 276
                                    

(Unicode Version)🔞🔞🔞


ဟိုတယ်ခန်းကို သိင်္ဂါရ ရောက်ရှိသွားချိန်မှာ ကလျာက သူ့ကို ဒေါသမျက်ဝန်းတွေနဲ့ စိုက်ကြည့်နေခဲ့လေသည်။ အခြေအနေက မူမမှန်တာကို သိင်္ဂါရ သတိထားမိလိုက်ပေမယ့် Theoနဲ့ သူမက ဘာတွေပြောဖြစ်ခဲ့ကြမှန်း မသိရတာကြောင့် မသိချင်ယောင်ဆောင်ကာ မေးလိုက်ရတော့သည်။

"ကလျာ...စောင့်နေရတာ ကြာသွားပြီလား!?"

သိင်္ဂါရရဲ့အပြုံးက ကလျာ့ရင်ထဲက အပူမီးကို မငြှိမ်းသတ်နိုင်ခဲ့ပေ။ သူမ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့သူက နောက်ကွယ်မှာ ယောက်ျားတစ်ယောက်နဲ့ ဇာတ်လမ်းရှုပ်နေတာကို တွေးမိတိုင်း ဒေါသတွေ တလိမ့်လိမ့် တက်လာခဲ့ရသည်။ ပိုဆိုးတာက ထိုသူနှစ်ဦးရဲ့ပျော်ရွှင်စရာအချစ်ညလေးအတွက် သူမက အရန်သင့်နေရာဖယ်ပေးခဲ့ရခြင်းပင်။

"ကြာတာပေါ့...သိပ်ကို ကြာနေပြီ။"

သိင်္ဂါရက ထိုကိစ္စတွေကို မသိဘဲ နောက်ကျမှုအတွက်သာ တောင်းပန်ခဲ့လေသည်။

"မောင့်သူငယ်ချင်းက စိတ်ဓာတ်ကျနေလို့ နံနက်စာစားပြီး အဖော်လုပ်ပေးခဲ့ရတာ။ အခုကစ,ပြီး ကလျာနဲ့ အတူနေပေးပါ့မယ်။ မောင့်ကို စိတ်မဆိုးပါနဲ့တော့။"

"မဆိုးပါဘူး။ ဆိုးစရာစိတ်လည်း မရှိတော့ဘူး။ ရှင့်ကို ကျွန်မ လုံးဝစိတ်ကုန်သွားပြီ။"

"အဲ့လိုမျိုးတွေ မပြောပါနဲ့။ ကလျာ စိတ်ဆိုးပြေအောင် မောင် ဘာလုပ်ပေးရမလဲ!?"

"မလိုပါဘူး။ ရှင့်လို အထီးချင်း ပူးနေတဲ့သူကို ရွံလွန်းလို့ ဆက်ပြီးပတ်သက်ချင်စိတ်ကို မရှိတော့တာ။"

ထိုစကားက သိင်္ဂါရရဲ့သိက္ခာကို ဟိုးအောက်ဆုံးအထိ ဆွဲချသလို ဖြစ်သွားတာမို့ ဒေါသတကြီး တုံ့ပြန်လိုက်တော့သည်။

"မင်း ဘာစကားပြောလိုက်တာလဲ...ကလျာ!?"

"ထပ်ကြားချင်တယ်ဆိုရင်တော့ ပြောပေးရမှာပေါ့။ ရှင်နဲ့ ရှင့်အကောင်က ဘယ်လိုပတ်သက်နေလဲဆိုတာကို ကျွန်မ စုံစမ်းကြည့်ပြီးပြီ။ ရှင်တို့က အရှက်တရားဆိုတာ လုံးဝမရှိတဲ့သူတွေ။ ကျွန်မနဲ့ စေ့စပ်ထားပါတယ်လို့ တရားဝင်ကြေညာထားတာတောင် သူနဲ့ လူကြားထဲမှာ မဖွယ်မရာလုပ်ရဲတဲ့အထိ ရဲတင်းနေကြသေးတာ။ ရှင့်ကို သိက္ခာတရားရှိတဲ့သူလို့ ကျွန်မ ထင်ထားခဲ့တာ အမှားကြီး မှားသွားပြီပဲ။"

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now