🌹38🌹

4.2K 385 54
                                    

(Unicode Version)


နံနက် (၇)နာရီခန့်တွင်-

သိင်္ဂါရက နံနက်စာအတွက် ပြင်ဆင်နေချိန်မှာ Theoကလည်း မီးဖိုချောင်ထဲသို့ ဝင်လာလေသည်။

"ဆောရီးပါကွာ...ကိုယ်က မနက်စာပြင်ဆင်ပေးရမှာကို။ မနေ့ညကလည်း တစ်ရေးမှ ပြန်မနိုးဘဲနဲ့ အိပ်မောကျသွားတာ။"

ဆေးအရှိန်ကြောင့် အိပ်မောကျသွားမှန်း မသိရှာတဲ့ Theoကို သိင်္ဂါရက အပြုံးနုနုလေးနဲ့ တုံ့ပြန်လိုက်သည်။

"နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာက ကောင်းတာပေါ့။"

"အဲဒါက မင်းကြောင့်ပဲ နေမှာပါ။"

Theo ဆိုလိုတဲ့ 'မင်းကြောင့်'ဆိုတဲ့ စကားက သိင်္ဂါရအတွက် တစ်နည်းတစ်ဖုံတော့ မှန်နေခဲ့ပေသည်။

"အလုပ်သွားရမှာမလား!? မနက်စာ လာစားပြီး သွားဖို့ ပြင်ဆင်ရမယ်လေ။"

Theoက သိင်္ဂါရရဲ့မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်ပြီး မေးလာတော့သည်။

"ဒီနေ့ အလုပ်မသွားဘဲ မင်းနဲ့အတူ နေပေးရမလား!?"

"မင်းရဲ့အလုပ်က တော်တော်အဆင်ပြေတာပဲ။ နားရက်ကိုလည်း ကြိုက်သလို ယူလို့ရတယ်နော်။"

သိင်္ဂါရက စကားဆွပေးလိုက်ချိန်မှာ Theoက ပြုံးလျက်သာ ပြန်ဖြေ‌ပေးခဲ့သည်။

"ရသအတွက် ကိုယ် ကူညီပေးခဲ့တာတွေက အများကြီးရှိလို့ အခု ပြန်လိုက်လျောပေးနေတဲ့သဘောပါပဲ။"

"အလုပ်ရှင်နဲ့ ရင်းနှီးတယ်ဆိုတိုင်း အလုပ်ကို မလေးမစားတော့ မလုပ်သင့်ဘူး။"

"ကောင်းပါပြီ...ဆရာလေးရယ်။ ကျွန်တော် အလုပ်သွားလိုက်ပါ့မယ်။ ဟုတ်ပြီလား!?"

Theoရဲ့စကားကြောင့် သိင်္ဂါရလည်း ပြုံးပြလိုက်မိသည်။ တကယ်တော့ Theo အလုပ်သွားတာ ဟုတ်၊ မဟုတ်ကို စစ်ဆေးကြည့်ဖို့ သူ ကြံစည်ထားခဲ့ခြင်းပင်။ Theoက သိင်္ဂါရရဲ့အကြံကို သတိပြုမိဖို့ ဝေးစွ။ အခုလို ချစ်ရသူနဲ့ အတူရှိနေရတဲ့ အခိုက်အတန့်လေးကို ကြည်နူးမှုပေါင်းများစွာဖြင့် ခံစားကြည့်နေခဲ့လေသည်။

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now