🌹53🌹

3.4K 318 45
                                    

(Unicode Version)


တစ်ပတ်ခန့်ကြာပြီးနောက်-

"🔔...🔔...🔔"

သိင်္ဂါရက ဘဲလ်မြည်သံကြောင့် မနက်စာအတွက် ပြင်ဆင်နေရာမှ တံခါးလာဖွင့်ပေးခဲ့ရသည်။ တံခါးဖွင့်ဖွင့်ချင်းမှာ မြင်လိုက်ရသည်က စိုင်းရသဦးပင်...

"ရသ...!?"

စိုင်းရသဦးက ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်ကြည့်ပြီးမှ ပြောလိုက်သည်။

"အစ်ကို့ကို ပြောစရာရှိတယ်။"

သိင်္ဂါရကလည်း စိုင်းရသဦးကို အိမ်ထဲသို့ ဝင်ခွင့်ပြုလိုက်ပြီး တံခါးကို ပြန်ပိတ်ခဲ့လေသည်။

"ဘာကိစ္စမို့လို့လဲ!?"

စိုင်းရသဦးရဲ့မျက်နှာချင်းဆိုင်က ခုံမှာ ဝင်ထိုင်ရင်းနဲ့ သိင်္ဂါရက တည်ငြိမ်စွာ မေးလိုက်မိသည်။

"အစ်ကို့ကို ဟိုဘက်အိမ်ပြောင်းဖို့ လာပြောတာ။"

ထိုစကားကြောင့် သိင်္ဂါရက အံ့အားသင့်သွားရတော့သည်။

"အစ်ကိုတို့အကြောင်းကို မင်း မသိသေးဘူးလား!?"

"ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အစ်ကို့ရဲ့လုံခြုံရေးအတွက် လိုအပ်လို့ပါ။"

အတူနေဖို့အတွက် ရည်ရွယ်ထားတဲ့ အိမ်လေးမှာ သိင်္ဂါရ သွားနေဖို့က ဘယ်လိုမှ မဖြစ်နိုင်ပေ။ ပြတ်စဲပြီးသား ဆက်ဆံရေးတစ်ခုအတွက် Theoရဲ့အကူအညီကိုလည်း သူ မလိုချင်တော့တာမို့ ငြင်းဆန်လိုက်မိသည်။

"အခုကစပြီး ကိုယ့်လမ်းကိုယ်‌ လျှောက်သင့်ပြီလို့ အစ်ကို ထင်တယ်။ သူ့ဆီက အကူအညီကိုလည်း မယူချင်တော့ဘူး။"

"သူက အစ်ကို့အတွက်ဆို အရာရာပေးဆပ်ဖို့ ဆုံးဖြတ်ထားခဲ့တာ။ အကြောင်းကံ မပေးလို့ အတူရှိခွင့်မရပေမယ့် သူ့စိတ်ကတော့ အမြဲတမ်း အစ်ကို့ဆီမှာပါပဲ။ ကျေးဇူးပြုပြီး သူ့ရဲ့ဆန္ဒလေးကို သဘောတူပေးလိုက်ပါ။"

ဘာတွေဖြစ်နေမှန်း သိင်္ဂါရက မသိရပေမယ့် မျက်နှာငယ်နဲ့ တောင်းဆိုနေတဲ့ စိုင်းရသဦးကြောင့် ငြင်းဆန်ဖို့ အားနာမိသလိုပင်။

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Unde poveștirile trăiesc. Descoperă acum