🌹46🌹

3.8K 377 117
                                    

(Unicode Version)⚠️⚠️⚠️


စားသောက်ဆိုင်တစ်ခုတွင်-

"ရှင့်ကို ဒီလောကကြီးထဲကနေ ထွက်သွားပြီလို့တောင် ထင်နေတာ။"

ရွှေစင်မိုးက ထုံးစံအတိုင်း ထေ့ငေါ့စကားဖြင့် အစချီလိုက်ချိန်မှာ စိုင်းရသဦးက ပြုံးခဲ့လေသည်။

"ဘာလဲ!? ဒီအတောအတွင်း ကိုယ်နဲ့ မတွေ့ရလို့ လွမ်းနေတာလား!?"

"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့။ ရှင့်ကို လွမ်းဖို့ ကျွန်မမှာ အချိန်မရှိဘူး။"

"ထားပါတော့။ ကိုယ် မင်းကို ပြောစရာရှိလို့ ဖုန်းဆက်ခေါ်လိုက်တာ။"

"လိုတော့မှ ကျွန်မကို သတိရတာမလား!?"

"ဆိုပါတော့..."

စိုင်းရသဦးရဲ့စကားက ရွှေစင်မိုးရဲ့ဒေါသကို နှိုးဆွပေးလိုက်သည်။

"ရှင် ဘာစကားပြောတာလဲ!?"

ထိုခဏမှာ စိုင်းရသဦးက ရွှေစင်မိုးကို ငေးကြည့်ပြီး တမ်းတမ်းတတ ရေရွတ်ခဲ့သည်။

"ကိုယ် မင်းကို အရမ်းလွမ်းတယ်..."

ဒေါသအခိုးဝေနေတဲ့ ရွှေစင်မိုးက ဘာဆက်ပြောရမယ်မှန်း မသိတော့ဘဲ ငြိမ်သက်သွားလေသည်။

"အဲ့လိုမျိုး ပြောစေချင်နေတာလား..!?"

ချက်ချင်းပေါ်ထွက်လာတဲ့ စိုင်းရသဦးရဲ့မျက်နှာပေါ်က လှောင်ပြုံးအချို့က ရွှေစင်မိုးရဲ့ဂုဏ်သိက္ခာကို စိန်ခေါ်နေသလိုပင်။

"ရှင်က တစ်စက်ကလေးမှ အကျင့်မကောင်းတဲ့သူပဲ။"

"ကဲပါ...ဒေါသမထွက်ဘဲ လိုရင်းကို ပြောကြရအောင်။"

ရွှေစင်မိုးက စိုင်းရသဦးရဲ့မျက်နှာကို မမြင်ချင်တာမို့ အခြားဘက်သို့ အကြည့်လွှဲထားပြီး နားထောင်ပေးခဲ့မိသည်။

"ကိုယ့်ကို မင်းရဲ့အဖေဆီ ခေါ်သွားပေးပါ။"

ထူးဆန်းလွန်းလှတဲ့ စကားကြောင့် ရွှေစင်မိုးက ပြန်လှည့်ကြည့်ပြီး မေးလိုက်ရသည်။

"ဘာပြောလိုက်တာလဲ!?"

"ကိုယ် မင်းရဲ့အဖေနဲ့ တွေ့ချင်တယ်။"

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now