🌹19🌹

7.1K 560 148
                                    

(Unicode Version)🔞🔞🔞


တစ်ပတ်ခန့်ကြာပြီးနောက်-

ဦးစိုင်းမောင်က Theoနဲ့ စိုင်းရသဦးကို စားသောက်ဆိုင်တစ်ခုဆီသို့ ခေါ်ဆောင်လာပြီး နေ့လည်စာအတူစားဖြစ်ခဲ့သည်။

"သားတို့ ပြန်ရောက်ကတည်းက အခုလိုမျိုး နေ့လည်စာ အတူတူစားချင်ခဲ့တာ။ အလုပ်မအားတာနဲ့ အခုမှပဲ စားရတော့တယ်။ သားကို ဂရုမစိုက်သလိုဖြစ်သွားလို့ တောင်းပန်ပါတယ်ကွာ။"

ဦးစိုင်းမောင်ရဲ့စေတနာမပါတဲ့ စကားတွေကို Theoနဲ့ စိုင်းရသဦးက သည်းခံနားထောင်ပြီး ဟန်ဆောင်ပြုံးပြလိုက်ရသည်။

"ဖေဖေက အလုပ်ကို ဦးစီးနေရတဲ့သူဆိုတော့ အားလပ်ချိန်ရှားတာ ထုံးစံပါပဲ။ သား နားလည်ပါတယ်။"

ပြဇာတ်တိုက်ထားသလို ချိုအီတာထက် ပိုနေတဲ့ ထိုသားအဖနှစ်ယောက်ရဲ့စကားတွေကြောင့် Theo စိတ်မရှည်နိုင်တော့ပေ။

"မှာထားတာတွေ အေးကုန်တော့မယ်။ စားရင်းနဲ့မှ ဆက်ပြောကြပါလား!?"

ထိုအခါကျမှ အကယ်ဒမီဆုရှင်နှစ်ဦးရဲ့စကားဖြင့် အမွှမ်းတင်ခြင်းကဏ္ဍပြီးဆုံးသွားလေသည်။

"ဟုတ်သားပဲ...အရင် စားကြတာပေါ့။"

ထမင်းစားနေရင်းနဲ့ ဦးစိုင်းမောင်က စိုင်းရသဦးရဲ့ပန်းကန်ထဲကို ပုစွန်ဟင်းထည့်ပေးလိုက်သည်။

"သားတို့က ပုစွန်ဟင်းကို ဘာလို့ ထည့်မစားကြတာလဲ!?"

စိုင်းရသဦးကလည်း အပြုံးနဲ့ ပြန်ငြင်းပယ်ခဲ့သည်။

"သားတို့နှစ်‌ယောက်စလုံးက ပုစွန်နဲ့ ဓာတ်မတည့်ဘူး...ဖေဖေ။"

ထိုအဖြေကြောင့် ဦးစိုင်းမောင်က အံ့အားသင့်သွားပုံပင်။

"ဟုတ်လား!? ဖေဖေလည်း ပုစွန်နဲ့ ဓာတ်မတည့်ဘူး။ သားတို့နဲ့ တည့်မယ်ထင်ပြီး မှာထားလိုက်တာ။"

သူတို့နှစ်ဦးရဲ့အပြန်အလှန်ပြောစကားတွေကို ငြိမ်သက်ပြီး နားထောင်နေတဲ့ Theoက စားလက်စ ဇွန်းနဲ့ ခက်ရင်းကို စားပွဲခုံပေါ်သို့ ဆောင့်ချလိုက်လေသည်။ Theoရဲ့အပြုအမူကြောင့် စိုင်းရသဦးက မျက်နှာပျက်သွားပြီး ဦးစိုင်းမောင်ကလည်း နားမလည်နိုင်သလို ဖြစ်သွားတော့သည်။

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now