🌹66🌹

3.6K 299 48
                                    

(Unicode Version)

ရွှေစင်မိုးရဲ့ထူးထူးခြားခြား ချိန်းဆိုမှုကြောင့် စိုင်းရသဦးက ကော်ဖီဆိုင်တစ်ခုသို့ ရောက်ရှိ လာခဲ့ရသည်။ သူ ရောက်ပြီး ခဏအကြာမှာ ရွှေစင်မိုးကလည်း ရောက်ရှိလာခဲ့သည်။

"ကျွန်မ နောက်မကျပါဘူးနော်။"

စိုင်းရသဦးက လက်က နာရီကို ငုံ့ကြည့်ပြီးမှ ပြန်ဖြေပေးလိုက်သည်။

"ကွက်တိပါပဲ။ ပြောပါဦး။ ကိုယ့်ကို တွေ့ချင်ရတဲ့ အကြောင်းအရင်းက ဘာလဲ!?"

"အကြောင်းရှိမှ တွေ့ရမယ်ပေါ့။"

"ချိန်းတွေ့ချင်ရင်လည်း ရပါတယ်။ ကိုယ် ဒီနေ့ ခွင့်ယူလိုက်မယ်။"

"ရူးကြောင်ကြောင် လုပ်မနေနဲ့။ ပြဿနာက တက်နေပြီ။"

"ဘာပြဿနာလဲ!?"

"ဖေဖေက ကျွန်မတို့ကို လက်ထပ်ဖို့ အတင်းတိုက်တွန်းနေတယ်။ အဲဒါ ဘာဆက်လုပ်ရင် ကောင်းမလဲ!?"

"မင်းက ကိုယ့်ကို လက်ထပ်ချင်လို့လား!?"

သွေးအေးစွာ မေးလာတဲ့ စိုင်းရသဦးကြောင့် ရွှေစင်မိုးက မ‌ကျေမနပ်ဖြင့် လှမ်းကြည့်လာတော့သည်။

"ကိုယ့်ကိုယ်ကိုယ် အထင်မကြီးစမ်းပါနဲ့။"

"မကြီးပါဘူး။ ခန့်မှန်းချက်အရပဲ ပြောလိုက်တာ။"

"ကျွန်မက ရှင့်ကို လက်ထပ်ချင်တယ်လို့များ တကယ်ကြီး ထင်နေတာလား!?"

"အဲဒီအတွေးသာ မရှိခဲ့ရင် ဒီနေရာထိတောင် မင်း ရောက်လာမှာ မဟုတ်ဘူး။ ရွှေစင်မိုးဆိုတဲ့ မင်းက ဆန္ဒမပါရင် အပြတ်ငြင်းချပစ်တဲ့သူပဲ‌လေ။ အခု ဒီနေရာအထိ ရောက်လာတာက ကိုယ့်ဆန္ဒကို တမင်စစ်ဆေးကြည့်ချင်လို့မလား!?"

စိုင်းရသဦးရဲ့စကားက တစ်ဝက်တော့ မှန်ပေသည်။ ဖခင်ဖြစ်သူရဲ့တိုက်တွန်းမှုကို ငြင်းဆိုဖို့ မလွယ်ကူပေမဲ့ စိုင်းရသဦးဆီကနေ အဖြေတစ်ခု လိုချင်တဲ့စိတ်ကြောင့် သူမ လာခဲ့ခြင်းပင်။

"ဘာမှပြန်မဖြေမှတော့ ကိုယ့်ခန့်မှန်းချက်ကလည်း မှန်သွားတဲ့ပုံပဲ။"

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now