🌹6🌹

11.2K 814 153
                                    

(Unicode Version)


(၂)ရက်ခန့်ကြာပြီးနောက်-

သိင်္ဂါရက Theoနဲ့ အတူနေဖို့ သဘောတူခဲ့ပေမယ့် ချစ်သူအဖြစ် လက်ခံပေးခဲ့ခြင်းမျိုးတော့ မဟုတ်ပေ။ Theoကလည်း သိင်္ဂါရရဲ့ဆန္ဒအတိုင်း လိုက်လျောပေးပြီး အေးချမ်းတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခဲ့သည်။

"📱📱📱"

နံနက်(၃)နာရီခန့်မှာ မြည်လာတဲ့ ဖုန်းသံကြောင့် သိင်္ဂါရ အိပ်ရာကနေ အမြန်ထဖို့ ပြင်လိုက်ပေမယ့် ခါးကို ဖက်တွယ်ထားတဲ့ Theoရဲ့လက်ကြောင့် လိုရာခရီးမရောက်ဘဲ ဖြစ်နေတော့သည်။ ထို့ကြောင့် Theo မနိုးအောင် သတိထားပြီး လက်ကို အသာအယာဖယ်ရှားကာ ဖုန်းကိုင်လိုက်ရသည်။

"ဟယ်လို..."

"သိင်္ဂါရ...မင်း ဘာတွေအရူးထနေတာလဲ!?"

ဒေါသတကြီး ပြောနေတဲ့ ဖခင်ဖြစ်သူကြောင့် ကလျာဆီက သတင်းကို ကြားသိပြီးလောက်မှန်း သိင်္ဂါရ သဘောပေါက်လိုက်သည်။

"မင်းရဲ့ရှေ့ရေးအတွက် အဆင်ပြေအောင်လို့ အားလုံးစီစဉ်ပေးထားတာတောင် ဒီလိုမျိုးလုပ်ပြီး မိဘသိက္ခာကို ချလိုက်သေးတယ်။ မင်းက တော်တော်စောက်သုံးမကျတဲ့ကောင်ပဲ။"

ဖခင်ဖြစ်သူရဲ့အပြစ်တင်စကားတွေကို သိင်္ဂါရက တုံ့ပြန်ခြင်းမပြုဘဲ ငြိမ်သက်စွာ နားထောင်နေခဲ့သည်။ ကလျာနဲ့ တွဲနေစဉ်မှာ သူ့ဘက်က ဖောက်ပြားခဲ့တာမျိုး မရှိပေမယ့် ဒါတွေကို ပြောပြလည်း သူ့ဖခင်က နားလည်ပေးမှာ မဟုတ်မှန်း သိထားပြီးသားပင်။ စီးပွါးရေးပိုင်းမှာ ထက်မြက်တဲ့ အစ်ကိုက သူ့ဖခင်အတွက် အားထားရာဖြစ်ပြီး ဝါသနာပါရာလမ်း‌ကြောင်းကို ခေါင်းမာစွာ ရွေးချယ်ခဲ့တဲ့ သိင်္ဂါရကတော့ အနှိမ်ခံဘဝနဲ့ နေသားကျခဲ့လေပြီ။

"မင်းက ဘာအချိုးချိုးနေတာလဲ!? ငါ ဘာပြောပြော မင်းက လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ သဘောလား!? ပြောလေ...သိင်္ဂါရ!!!"

ပြောခွင့်ပေးလိုက်ပြီမို့ ရည်ရွယ်ထားတဲ့စကားတစ်ခွန်းကိုသာ သိင်္ဂါရ ဖွင့်ဟပြောဆိုခဲ့သည်။

"အခုချိန်ကစ,ပြီး သားရဲ့ဘဝကို သားကိုယ်တိုင်ပဲ ရွေးချယ်ပါရစေ‌။"

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now