🌹59🌹

3.7K 385 81
                                    

(Unicode Version)

မင်္ဂလာပွဲထဲကနေ ပြေးထွက်လာတဲ့ လင်္ကာမျိုးက ရဲတွေ မလိုက်နိုင်အောင် ကြိုးစားပြီး ရှောင်တိမ်းခဲ့ရလေသည်။ သို့ပေမဲ့ ကြာကြာမလွတ်မြောက်နိုင်တာကို ကြိုတင်သိမြင်နေပြီမို့ လိုအပ်သမျှကို ယူဖို့အတွက် နေအိမ်သို့ သတိထားပြီး ပြန်လာရတော့သည်။

နေဝင်ရီတရောမှာ လင်္ကာမျိုးက ရောက်ရှိလာပြီး အိမ်ထဲသို့ ဘယ်သူမှ မသိအောင် ခိုးဝင်လာခဲ့သည်။ တုံတုံက ညစာအတွက် အလုပ်ရှုပ်နေသလို ခြံစောင့်ဦးလေးကြီးကလည်း သူ့အခန်းထဲမှာပဲ အနားယူနေတာမို့ လင်္ကာမျိုးအတွက် ဘာအနှောင့်အယှက်မှ မရှိခဲ့ပေ။

သူ့ဦးတည်ချက်က အခန်းရှိရာ အပေါ်ထပ်ဆီသို့သာ ဖြစ်သည်။ အကျဉ်းထောင်ဆိုတဲ့ နေရာတစ်ခုကို သူ မရောက်ချင်တာ အမှန်ပင်။ ထိုနေရာမှာ သူ့ဘဝက ရှင်လျက်နဲ့ သေနေရပေလိမ့်မည်။

လိုအပ်သမျှကို ယူဆောင်ပြီးနောက် အိမ်ထဲကနေ တိတ်တဆိတ် ပြန်ထွက်ခွာဖို့ ကြိုးစားခဲ့ပေမဲ့ လှေကားပေါ်က အဆင်းမှာ ခြံစောင့်ဦးလေးကြီးက သူ့ကို မြင်တွေ့သွားပြီး လှမ်းအော်လိုက်သည်။

"ဆရာကြီးရေ!!!"

အမြန်ထွက်ပြေးဖို့ ကြိုးစားနေတဲ့ လင်္ကာမျိုးကို ခြံစောင့်ဦးလေးကြီးက အတင်းဖမ်းချုပ်ထားရင်းနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့သည်။ ထိုအချိန်မှာ ဦးဒီပက အခန်းထဲကနေ ထွက်လာပြီး လင်္ကာမျိုးကို မြင်တွေ့သွားလေသည်။

"လင်္ကာမျိုး!!!"

လေသံမာမာနဲ့ မပြောခဲ့ဖူးတဲ့ ဖခင်ဖြစ်သူဆီက ခပ်ပြတ်ပြတ် ခေါ်သံတစ်ခုကြောင့် လင်္ကာမျိုးလည်း ရုန်းကန်နေရာမှ ခေတ္တရပ်တန့်လိုက်မိသည်။

"မင်း ဘာတွေ လျှောက်လုပ်နေတာလဲ!?"

လင်္ကာမျိုးက နောက်ဆုတ်ဖို့ အခွင့်အရေး မရှိတော့ပြီမို့ ဖခင်နဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်ရသည်။

"သားကို ဒီလိုအခြေအနေထိ ရောက်အောင် လုပ်ခဲ့တာကရော ဘယ်သူလဲ!?"

အမြဲတမ်း နာခံမှုနဲ့ ပြည့်ဝနေခဲ့တဲ့ သားဖြစ်သူက ယခုတော့ ဦးဒီပကို ဒေါသတကြီးဖြင့် တုံ့ပြန်လာခဲ့လေပြီ။

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now