🌹27🌹

5.7K 488 117
                                    

(Unicode Version)⚠️⚠️⚠️


ညနေ(၆)နာရီခန့်တွင်-

လူစည်ကားတဲ့ ညစာစားပွဲတစ်ခုသို့ ရွှေစင်မိုးနဲ့ စိုင်းရသဦးက ချစ်သူစုံတွဲအဖြစ် တက်ရောက်ခဲ့သည်။ လူကုံထံအသိုင်းအဝိုင်းတွေကိုသာ ဖိတ်ကြားထားတာမို့ အချင်းချင်းပြိုင်ဆိုင်မှုတွေကလည်း ရှိနေပြန်သည်။ စိုင်းရသဦးက ထိုကဲ့သို့သော ပွဲမျိုးကို မနှစ်သက်ပေမယ့် ပွဲကျင်းပသူဖြစ်တဲ့ လင်္ကာမျိုးနဲ့ တွေ့ဆုံခွင့်ရဖို့အတွက် တက်ရောက်ခဲ့ရခြင်းဖြစ်သည်။

"ရွှေစင်တို့ ရောက်လာပြီလား!?"

ဖော်ရွေပျူဌာစွာ စတင်နှုတ်ဆက်လိုက်တဲ့ လင်္ကာမျိုးက ပြုံးနေတဲ့ပုံစံဖြစ်အောင် တမင်ဖန်တီးယူထားသလိုပင်။

"ဟုတ်ကဲ့...ကိုမျိုး။ သူက စိုင်းရသဦးလေ။ Secretကုမ္ပဏီကပါ။"

ထိုအခါကျမှ လင်္ကာမျိုးက စိုင်းရသဦးဘက်ကို လှည့်လာပြီး နှုတ်ဆက်လိုက်တော့သည်။

"တွေ့ရတာ ဝမ်းသာပါတယ်။"

စိုင်းရသဦးကလည်း ယဉ်ကျေးစွာဖြင့် တုံ့ပြန်နှုတ်ဆက်ခဲ့လေသည်။

"ဟုတ်ကဲ့...ကျွန်တော်လည်း ကိုမျိုးနဲ့ တွေ့ခွင့်ရလို့ ဝမ်းသာပါတယ်။"

"ဒါက အစ်ကို့ဇနီးလောင်းပါ။ သူ့နာမည်ကကလျာတဲ့။"

ကလျာက လူမှုရေးအရ ပြုံးပြနေရပေမယ့် စက်ရုပ်တစ်ရုပ်လို တောင့်တောင့်ကြီးဖြစ်နေလေသည်။

"ဟိုတလောက မင်းတို့သတင်းကို ‌တွေ့ပြီး တော်တော်အံ့ဩသွားတာ။ ပြိုင်ဘက်တွေကို အခုလိုမျိုး ရင်ကြားစေ့လိုက်တာ အရမ်းမိုက်တယ်။"

ဟန်ဆောင်ပြီး ချီးကျူးနေရှာတဲ့ လင်္ကာမျိုးကို စိုင်းရသဦးက စိတ်ကျေနပ်သွားအောင် ပြောလိုက်ရသည်။

"အချစ်မှာ ရန်သူရယ်၊ မိတ်ဆွေရယ်လို့ မခွဲခြားထားပါဘူး။ ကျွန်တော်တို့အချင်းချင်း ချစ်နေဖို့ပဲ လိုတာပါ။"

စိုင်းရသဦးက ပြောနေရင်းနဲ့ ရွှေစင်မိုးရဲ့ပခုံးကို လှမ်းဖက်ပြီး တရင်းတနှီး နေပြလိုက်ချိန်မှာ လင်္ကာမျိုးကလည်း ပြုံးရွှင်စွာဖြင့် ထောက်ခံပေးခဲ့သည်။

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now