🌹50🌹

4.2K 332 112
                                    

(Unicode Version)


လွန်ခဲ့သော (၁၄)နှစ်ခန့်က-

"ဖွားဖွား...နိုးလာပြီလား!?"

ဒေါ်နန်းခမ်းမူက စိုင်းရသဦးရဲ့အမေးကို မဖြေဘဲ အရေးကြီးနေသလိုပုံစံမျိုးနဲ့ ခပ်မြန်မြန်မှာကြားခဲ့သည်။

"ဖွားဖွား ပြောတာကို သေချာနားထောင်။ သားရဲ့မိဘတွေကို သတ်တဲ့ တရားခံက... စိုင်းမောင်နဲ့ ဒီပပဲ။"

(၁၀)နှစ်သားအရွယ် စိုင်းရသဦးအတွက် ထိုစကားက လက်ခံနိုင်ဖွယ်ရာမရှိခဲ့ပေ။

"ဟင့်အင်း...လေးလေးက အဲ့လိုလုပ်မယ့်သူမှ မဟုတ်တာ။"

ဒေါ်နန်းခမ်းမူက အိပ်ရာပေါ်ကနေ မထနိုင်တာမို့ ဒေါသမျက်ဝန်းတွေနဲ့ စိုင်းရသဦးကို စိုက်ကြည့်ပြီး တိုက်တွန်းလိုက်မိသည်။

"ရသ...နင်က သူခိုးကို ဓားရိုးကမ်းနေတာပဲ။ နင့်တစ်မိသားစုလုံးကို အဲဒီခွေးနှစ်ကောင်က သတ်ခဲ့တာ။ ငါ့ကို အခုလိုအခြေအနေရောက်အောင် လုပ်ခဲ့တာလည်း သူတို့ပဲ။"

"မဟုတ်ဘူး...မဖြစ်နိုင်ပါဘူး။"

စိုင်ရသဦးက မယုံကြည်နိုင်တဲ့စိတ်ကြောင့် အနောက်ဘက်သို့ တဖြည်းဖြည်းဆုတ်သွားမိချိန်မှာ ဒေါ်နန်းခမ်းမူက လက်ကို လှမ်းဆွဲထားခဲ့လေသည်။

"ငါ ပြောတာကို သေချာနားထောင်။ နင် အသက်ဆက်ရှင်ရမယ်။ ပြီးတော့ အဲဒီခွေးနှစ်ကောင်ကို ပြန်ပြီး လက်စားချေနိုင်အောင်လို့ ကြိုးစား။ အဲဒါမှ ငါ့သွေးသား ပီသမှာ။"

မိသားစုဝင်တွေအားလုံး အသတ်ခံလိုက်ရတဲ့ အတိတ်ဆိုးကို မေ့မရသေးခင်မှာ နောက်ထပ်နာကြည်းစရာတွေက စိုင်းရသဦးရဲ့ခေါင်းထဲသို့ ဝင်လာခဲ့ပြန်သည်။ အဖွားဖြစ်သူ ပြောနေသမျှကို လက်ခံပေးနိုင်လောက်တဲ့အထိလည်း သူ့စိတ်က တည်ငြိမ်မနေခဲ့ပေ။

"မယုံဘူး။ ဖွားဖွား ပြောနေတာတွေကို သား မယုံဘူး..."

"ရသ...နင်က သေမလိုဖြစ်ပြီးတာ‌တောင် မမှတ်သေးဘူးလား!? ငါ ပြောတာကို မယုံရင် နင် စောင့်ကြည့်လိုက်။ စိုင်းမောင်ဆိုတဲ့ ခွေးသူတောင်းစားက နင့်ကို ဖြည်းဖြည်းချင်း ညှင်းဆဲပြီး သတ်ပြလိမ့်မယ်။"

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now