🌹47🌹

4K 374 53
                                    

(Unicode Version)🔞🔞🔞


စားသောက်ဆိုင်၏အခန်းတစ်ခုတွင်-

လင်္ကာမျိုးနဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ကိစ္စတစ်ခုကို ဆွေးနွေးတိုင်ပင်နေကြလေသည်။

"သိင်္ဂါရကို မြန်မြန်ဖမ်းဖို့ ပြင်တော့။"

လင်္ကာမျိုးက ခပ်အေးအေးပင် တုံ့ပြန်ပေးခဲ့သည်။

"ဘယ်လိုဖြစ်တာလဲ!? အေးအေးဆေးဆေးပေါ့။"

"လုပ်စရာ ရှိတာကို မြန်မြန်လုပ်ထားမှ ဖြစ်မယ်။ အချိန်မရှိတော့ဘူး။"

"ခင်ဗျားက ကျုပ်ထက်တောင် စိတ်လောနေပါလား...ဦးမျိုးအောင်ရဲ့။ သိင်္ဂါရကို ဘာလို့ ဒီလောက်တောင် ဖမ်းချင်နေရတာလဲ!?"

ဦးမျိုးအောင်က တစ်စုံတစ်ခုကို စိတ်မချနိုင်သလိုပုံစံမျိုးနဲ့ ပြောခဲ့ပြန်သည်။

"သူ့သူငယ်ချင်းက ဒီအမှုကို လိုက်နေပြီလို့ မင်းပဲ ပြောခဲ့တာလေ။"

"လိုက်တယ်လို့ပဲ ပြောထားတာပါ။ ဘယ်ကနေ စပြီး စုံစမ်းရမယ်မှန်းတောင် သူတို့ မသိကြဘူး။"

"ဒါပေမဲ့ သူ့ရည်းစား Theoဆိုတဲ့ကောင်က မင်း ထင်ထားတာထက် ပိုလည်တယ်ကွ။"

လင်္ကာမျိုးက ဦးမျိုးအောင်ရဲ့စကားကြောင့် အံ့အားသင့်ပြီး ထပ်မေးလိုက်သည်။

"ခင်ဗျားက သူ့ကို ဘယ်လိုလုပ်သိတာလဲ!?"

"သိင်္ဂါရက ငါ့ရဲ့ဘေးအခန်းမှာ နေနေတာ။"

"ဘာပြောတယ်!!! အဲဒီအကြောင်းကို ဘာလို့ စောစောစီးစီး မပြောခဲ့တာလဲ!?"

"ပြောစရာမှ မလိုတာ။ မင်းမှာလည်း မင်းရဲ့လျှို့ဝှက်ချက်ရှိသလို ငါ့မှာလည်း ရှိတာပဲ။"

လင်္ကာမျိုးက ကိစ္စတွေကို ဆက်စပ်ကြည့်ပြီး မသင်္ကာစွာ မေးလာခဲ့သည်။

"ကျုပ်ကို ကူညီပေးမယ်ဆိုပြီး ရောက်လာခဲ့တာကလည်း အဲဒီကောင်ကြောင့်ပဲမလား!?"

"မင်းက အကူအညီလိုတယ်။ ငါက ဝင်ကူညီပေးတယ်။ တော်ပြီလေ...ဘာလို့ အပိုတွေကို လိုက်သိချင်နေတာလဲ!?"

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now