🌹26🌹

5.7K 521 92
                                    

(Unicode Version)🔞🔞🔞


စံအိမ်ကြီးတစ်အိမ်ရဲ့ခြံဝန်းထဲမှာ (၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးက သတင်းစာဖတ်ရင်းနဲ့ အေးချမ်းတည်ငြိမ်စွာ ထိုင်နေလေသည်။ ခဏအကြာမှာ သူ့ဆီသို့ အသက်(၂၀)အရွယ် မိန်းမလှတစ်ဦးက ဒေါသတကြီးဖြင့် ရောက်ရှိလာခဲ့သည်။

"အစ်ကိုက တခြားမိန်းမတစ်ယောက်နဲ့ လက်ထပ်တော့မယ်ဆိုတာ အမှန်ပဲလား!?"

မယုံကြည်နိုင်သလို မျက်ဝန်းမျိုးနဲ့ မျက်ရည်တွေ ဝေ့ဝဲနေတဲ့ ထိုမိန်းကလေးကို အမျိုးသားက မော့ကြည့်ပြီး အေးချမ်းစွာ ပြန်ဖြေပေးလိုက်သည်။

"ဟုတ်တယ်...ယွန်း။ အစ်ကို လက်ထပ်ရတော့မယ်။"

မကြားချင်တဲ့ အဖြေတစ်ခုကြောင့် သူမရဲ့ဒေါသစိတ်တွေက ပိုမိုထကြွလာတော့သည်။

"အစ်ကိုက ဘာလို့ သဘောတူလိုက်တာလဲ!? သူ့ကို ကြိုက်လို့လား!?"

"မိဘတွေ စီစဉ်ပေးထားတဲ့ကိစ္စကို အစ်ကို ငြင်းပယ်ဖို့ စိတ်ကူးမရှိဘူး။"

"ဒါဆို...ယွန်းကရော...!?"

ထိန်းချုပ်ထားခဲ့တဲ့ မျက်ရည်တွေ စီးကျလာပြီး မိုက်မဲရူးသွပ်စွာ မေးနေရှာတဲ့ မိန်းကလေးရဲ့ရင်ထဲမှာလည်း ပူလောင်နေမှာ သေချာပေသည်။ သို့ပေမဲ့ ထိုခံစားချက်တွေကို သူမ အသက်တမျှ ချစ်မြတ်နိုးရတဲ့ အမျိုးသားကတော့ လျစ်လျူရှုထားပုံပင်။

"ယွန်း...စိတ်ကို အေးအေးထားပြီး လူကြီးတွေရဲ့စီမံမှုကိုပဲ လက်ခံလိုက်ကြရအောင်။"

"လက်ခံပေးရမယ် ဟုတ်လား!? အစ်ကိုက ယွန်းရဲ့စိတ်ကို သိသိကြီးနဲ့ တမင်ရက်စက်နေတာပဲ။ ဒီကိစ္စကို လုံးဝလက်မခံနိုင်ဘူး။"

စိတ်မထိန်းနိုင်သလို ဖြစ်နေတဲ့ မိန်းကလေးကို အမျိုးသားက နှစ်သိမ့်ပေးတဲ့ အနေနဲ့ ထိုင်နေရာကနေ ထလာပြီး ပခုံးနှစ်ဖက်ကို ထိန်းကိုင်ပေးထားလိုက်သည်။

"ယွန်းက ငယ်ပါသေးတယ်။ အခု အစ်ကို့အပေါ်မှာ ခံစားနေရတဲ့စိတ်က အချစ်မဟုတ်သေးဘူး။ ဒါ စိတ်လှုပ်ရှားမှုသက်သက်ပါပဲ။ အချိန်တန်လို့ရှိရင် ယွန်း တကယ်ချစ်တဲ့သူကို တွေ့လာပါလိမ့်မယ်။"

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now