🌹8🌹

9.6K 785 142
                                    

(Unicode Version)


တစ်နေ့တာလုံး ပြည့်ဝစွာ အနားယူပြီးချိန်မှာ သိင်္ဂါရရဲ့ကျန်းမာရေးအခြေအနေက ပြန်လည်ကောင်းမွန်လာခဲ့သည်။ ကိုယ်လက်တွေက အနည်းငယ်နာကျင်နေသေးပေမယ့် ဆေးအရှိန်ကြောင့်မို့ ခံနိုင်ရည်ရှိ‌နေခဲ့လေသည်။

"ကိုယ် မင်းကို ပြောပြစရာရှိတယ်။"

Theoရဲ့မျက်နှာက တည်ငြိမ်‌နေပြီး အလေးအနက်ထားဟန်ဖြင့် ပြောလာခြင်းကြောင့် သိင်္ဂါရလည်း အာရုံစိုက်ကာ နားထောင်ပေးလိုက်မိသည်။

"မင်းကို ဝရန်တာကနေ တွန်းချတဲ့သူကို သိရပြီ။"

"သူက ဘယ်သူလဲ!?"

"ကိုယ့်သူငယ်ချင်းထဲကပါပဲ။ သူ့နာမည်က Jessicaတဲ့။"

သိင်္ဂါရက အန္တရာယ်ပြုရသည့် အကြောင်းအရင်းကို နားမလည်နိုင်တာမို့ မျက်မှောက်ကြုတ်ပြီး ပြန်မေးလိုက်တော့သည်။

"သူက ဘာလို့ ငါ့ကို လုပ်ကြံရတာလဲ!?"

"အမှန်တော့ သူက ကိုယ့်ကို သဘောကျနေတာ။ ဒါပေမဲ့ မင်းက ကိုယ်နဲ့ တွဲနေတယ်ဆိုတဲ့သတင်းကို ကြားပြီးတော့ သူ ဒေါသဖြစ်ဖြစ်နဲ့ ဒီလိုလုပ်လိုက်မိတာ နေမယ်။"

အချစ်တစ်ခုအတွက်နဲ့ လူသတ်ရလောက်အောင် ရူးမိုက်လိမ့်မယ်လို့ သိင်္ဂါရ လုံးဝမထင်မှတ်ထားခဲ့သလို ပိုဆိုးတာက လုပ်ကြံသူက မိန်းကလေးဖြစ်နေခြင်းပင်။

"သူ အခု ဘယ်မှာလဲ!?"

Theoက ဝန်လေးနေဟန်ဖြင့် ခဏကြာမှ ပြန်ဖြေခဲ့လေသည်။

"သူ ဆုံးသွားပြီ။"

"ဟမ်!!! ဘာလို့လဲ!?"

"လောလောဆယ်တော့ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုဆိုပြီး ရဲတွေက ကောက်ချက်ချထားတယ်။ ဒါပေမဲ့ သေချာသိရအောင်လို့ စုံစမ်းနေကြတုန်းပဲ။ ခဏနေကျရင် ကိုယ်လည်း ရဲစခန်းမှာ အစစ်ဆေးခံဖို့ သွားရဦးမယ်။"

ထိုမိန်းကလေးကို သိင်္ဂါရ မမြင်ဖူးပေမယ့် သူမရဲ့သေဆုံး‌ကြောင်းသတင်းကို ကြားရချိန်မှာ စိတ်မကောင်းဖြစ်မိခဲ့သည်။

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now