🌹69🌹

4.4K 288 108
                                    

(Unicode Version)

တစ်ပြိုင်နက်တည်း ထွက်လာတဲ့ သေနတ်သံနှစ်ချက်ရဲ့အဆုံးမှာ မြေပြင်ပေါ်သို့ လူနှစ်ဦးက လဲကျသွားခဲ့လေသည်။

ထိုနှစ်ဦးထဲမှ တစ်ဦးက နှလုံးသားရှိရာဆီသို့ တည့်မတ်စွာ ကျည်ထိမှန်ထားပေမဲ့ အပြုံးမပျက်သွားဘဲ ကျန်တစ်ဦးကိုသာ မမှိတ်မသုန် ငေးကြည့်နေခဲ့ရှာသည်။

"ဖေဖေ~~~"

ထူးဆန်းလွန်းလှတဲ့ အကြည့်များ...
ရင်းနှီးကျွမ်းဝင်နေတဲ့ ခေါ်သံတစ်ခု...
ထိုအရာအားလုံးက သွေးအိုင်ထဲမှာ လဲနေသူဆီက ထွက်ပေါ်လာခြင်းပင်။

ကိုယ်တိုင်ကလည်း ဝမ်းဗိုက်မှာ ကျည်ထိမှန်ထားပေမဲ့ တဆစ်ဆစ်နဲ့ နာကျင်လာသည်က နှလုံးသားဆီမှသာ ဖြစ်နေခဲ့သည်။

"ဘာကြောင့်လဲ!? သေနတ်မောင်းကို ဘာလို့ လာနှိပ်ရတာလဲ!? တကယ်ဆို သူက အနိုင်ရထားပြီးသားပါ။ ဒါတောင်မှ ဘာဖြစ်လို့ သေခြင်းတရားကို ရွေးလိုက်တာလဲ!?"

အဖြေပေါ်မလာတဲ့ မေးခွန်းများက ခေါင်းထဲသို့ ဝင်လာချိန်မှာ စကားတစ်ခွန်းကို သူ ထပ်ကြားလိုက်ရပြန်သည်။

"သားလို့ နောက်ဆုံးတစ်ခေါက်လောက် ခေါ်ပေးနိုင်မလား!?"

အားတင်းပြီး ပြောလိုက်ရတဲ့စကားမှန်း တုန်ရီနေတဲ့အသံက သက်သေပြပေး‌ခဲ့ပေသည်။

"မင်းက အရူးလေးပဲ။"

ဤသည်မှာလည်း သူ့ရဲ့အတွေးမျှသာ...

မသိစိတ်ရဲ့နှိုးဆော်မှုကြောင့် ထိုကောင်လေးရဲ့မျက်နှာကို စေ့စေ့ကြည့်ကာ ရေရွတ်လိုက်မိသည်။

"သား~~~"

အပြုံးလေးတစ်ခု...
သူ တစ်ခါမှ မမြင်ဖူးသေးတဲ့ အပွင့်လင်းဆုံးအပြုံးတစ်ခုက ထိုကောင်လေးရဲ့မျက်နှာမှာ ပွင့်လန်းလာတော့သည်။

ဘာကြောင့်မှန်းမသိပေမဲ့ သူကိုယ်တိုင်လည်း အတုခိုးကာ လိုက်ပြုံးမိပုံပင်...

"ကျေးဇူးတင်ပါတယ်... ဖေဖေ။"

ဖခင်ဖြစ်သူရဲ့မျက်နှာကို အချိန်ကြာတဲ့အထိ သေချာ‌ငေးကြည့်ခွင့်ရခြင်းက စိုင်းဝီရမောင်အတွက် ပထမဆုံးနဲ့နောက်ဆုံးအကြိမ်ဟု ဆိုနိုင်ခဲ့သည်။ အထူးဆု‌အဖြစ် ဟန်ဆောင်ခြင်းကင်းတဲ့ ခေါ်သံလေးကိုလည်း ကြားခွင့်ရပြီးပြီမို့ ဆန္ဒအားလုံးပြည့်မြောက်သွားခဲ့လေပြီ။

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now