🌹70🌹(The End)

13.9K 492 222
                                    

(Unicode Version)

"🔔...🔔...🔔"

မှေးစက်နိုင်ခြင်းမရှိတဲ့ ညတာရှည်ကို သိင်္ဂါရက ခက်ခဲစွာ ဖြတ်သန်းခဲ့ရပြီး နံနက်ခင်းတစ်ခုကို အစပြုလိုက်ချိန်မှာပင် ဘဲလ်မြည်သံက သူ့နားထဲသို့ ဝင်ရောက်လာခဲ့သည်။

နွမ်းနယ်နေတဲ့ သူ့ရဲ့စိတ်နဲ့ကိုယ်ကို အားတင်းပြီး ရွေ့လျားမှုပြုကာ တံခါးဆီသို့ ထွက်လာရတော့သည်။

တံခါးဝမှာ သူ့ကို ရပ်စောင့်နေသူက-

"မင်းခန့်... အစောကြီးရှိသေးတယ်။ ဘာလာလုပ်တာလဲ!?"

"ဒီကိစ္စကြောင့် ရောက်လာရတာ။"

မင်းခန့်က လက်ထဲမှာ ပွေ့ပိုက်ထားတဲ့ အရာလေးကို သူ့ရှေ့သို့ တိုးပေးလိုက်လေသည်။

"အူဝဲ...အူဝဲ..."

သနားစဖွယ် ငိုကြွေးနေရှာတဲ့ ဖြူဖြူဖွေးဖွေးအရာလေးက သူ့ကို အားကိုးတကြီးဖြင့် ငေးကြည့်သလိုပင်။

"ဒါလေးက... ဘာလုပ်တာလဲ!?"

"အိမ်ထဲကို အရင်ဝင်ပါရစေဦးကွာ။ ပြီးမှ ငါ ဆက်ပြောပြပါ့မယ်။"

"ဪ... အေး... အေး..."

သိင်္ဂါရက မင်းခန့်ကို အိမ်ထဲသို့ ဝင်ခွင့်ပြုပြီး ဆက်လက်မေးမြန်းလိုက်မိသည်။

"ဒါ ဘယ်က ကလေးလေးလဲ!?"

"သူက ကေသရီ့ရဲ့သားပဲ။"

"ကေသရီ့ရဲ့သား... ဟုတ်လား!?"

"ဟုတ်တယ်။ သူကတော့ ကလေးမွေးပြီးပြီးချင်းပဲ ဆုံးသွားတာတဲ့။ ဒါပေမဲ့ မသေခင်မှာ ကလေးကို မင်းဆီ ရောက်အောင်ပို့ပေးပါဆိုပြီး ထောင်မှူးကို ကြိုမှာထားခဲ့လို့ ငါက ခေါ်လာပေးရတာ။ ရော့..ဒါက မင်းအတွက်စာ။"

သိင်္ဂါရကလည်း နားမလည်နိုင်မှုများဖြင့် ထိုစာကို ဖွင့်ဖတ်ကြည့်ရပြန်သည်။

"သို့...

ကျွန်မကို မတွေ့ချင်လောက်တဲ့အထိ မုန်းတီးနေမယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ကလေးအတွက် အားကိုးအားထားပြုစရာလူ မရှိတော့လို့ပါ။ မိဘမဲ့ဂေဟာကိုလည်း မရောက်စေချင်ဘူး။ သာမန်မိသားစုဘဝလေးမှာ သူ့ကို ကောင်းကောင်းမွန်မွန် ကြီးပြင်းစေချင်တယ်။ ဒါက ကျွန်မရဲ့နောက်ဆုံးဆန္ဒပါ။ ဒီဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ့်သူကလည်း ရှင်တစ်ယောက်တည်းပဲ ရှိပါတော့တယ်။

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Όπου ζουν οι ιστορίες. Ανακάλυψε τώρα