🌹3🌹

16.4K 1K 152
                                    

(Unicode Version)


Theoနဲ့သိင်္ဂါရတို့ ချစ်သူဖြစ်သွားကြပြီဆိုတဲ့ သတင်းက တစ်ကျောင်းလုံးကို နေ့တွင်းချင်း ပျံ့နှံ့သွားခဲ့သည်။ ထိုသတင်းကိုကြားပြီး အကြီးအကျယ် ရှော့ခ်ရသွားသူက Jessica ပင်။ မနေ့ကအထိ ဘယ်သူ့ကိုမှ မချစ်တတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သူမကို ငြင်းပယ်သွားခဲ့သူက ဒီနေ့ကျတော့ လူပုံအလယ်မှာ ယောက်ျားတစ်ယောက်ကို နမ်းပြီး ချစ်သူအဖြစ် တရားဝင်ကြေညာခဲ့လေသည်။ ထိုကိစ္စက သူမကို စော်ကားနေသလိုမျိုး ခံစားရပြီး လက်ခံမပေးနိုင်တာမို့ ရင်ထဲက ဒေါသ‌တွေကို ထွက်ပေါက်ပေးဖို့ Theoရှိရာဆီ သူမ ထွက်လာခဲ့တော့သည်။

"Theo!!!"

သူမရဲ့ခေါ်သံကို စာသင်ခန်းထဲမှာ ထိုင်နေတဲ့ Theoက တည်ငြိမ်စွာ ပြန်လည်တုံ့ပြန်ခဲ့သည်။ သူမကသာ ရင်ကွဲထွက်လုနီးပါး နာကျင်နေရပေမယ့် Theoကတော့ အပြုံးပန်းကို ဖောဖောသီသီ ပန်ဆင်ထားဆဲပင်။

"ဘာဖြစ်လာတာလဲ... Jessica!?"

Theoရဲ့မေးခွန်းက Jessicaအတွက် တမင်လှောင်ပြောင်နေသလို ခံစားရပြီး ရင်ထဲမှာ မခံမရပ်နိုင်အောင် ဖြစ်လာရတော့သည်။

"နင် ဘာလို့ ယောက်ျားလေးတစ်ယောက်နဲ့ တွဲလိုက်ရတာလဲ!?"

Theoက အောင်နိုင်သူတစ်ယောက်လို ပြုံးပြီး သူမကို ထုံးစံအတိုင်း အေးတိအေးစက် ပြန်ဖြေခဲ့သည်။

"အဲဒါ ဘာဖြစ်လို့လဲ!?"

အမေးကို အမေးနဲ့ တုံ့ပြန်လိုက်တဲ့ Theoကြောင့် Jessica ဘယ်လိုပြန်ဖြေပေးရမှန်း မသိအောင် ဆွံ့အသွားရလေသည်။

"နင်က Gayနေလို့လား!?"

ရုတ်တရက် ထွက်ပေါ်လာတဲ့အသံရှင်က Jessicaရဲ့သူငယ်ချင်း Daisyပင်။ Theoကို Jessicaက ဘယ်လောက်အထိချစ်လဲဆိုတာကို အနီးစပ်ဆုံးကနေ သိခွင့်ရခဲ့တဲ့ Daisyက သူငယ်ချင်းဘက်က သည်းမခံနိုင်ဘဲ ဝင်မေးပေးခဲ့သည်။ ထိုအဖြေကို သိလိုစိတ်နဲ့ အခန်းထဲက ကျောင်းသားအားလုံး နားစွင့်နေကြချိန်မှာ Theoက အပြုံးမပျက်ဘဲ သွက်လက်စွာ ဖြေပေးခဲ့လေသည်။

"Bingo!!!"

Theoရဲ့အဖြေကြောင့် Jessicaအပါအဝင် ကျောင်းသားအားလုံး အံ့အားသင့်သွား‌ရတော့သည်။ ဒါပေမဲ့ လှောင်ပြောင်မှုကိုတော့ မလုပ်ရဲကြပေ။ Theoက ဒေါသထွက်လာရင် ကြောက်ဖို့ကောင်းမှန်း သူတို့အားလုံး သိထားတာမို့ နှုတ်ဆိတ်ရင်းသာ ပွဲကြည့်နေခဲ့ကြခြင်း ဖြစ်သည်။

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now