🌹11🌹

8.2K 716 277
                                    

(Unicode Version)


လေယာဉ်ခရီးစဉ်အထပ်ထပ်ကို စီးနင်းလာပြီး ကြေမွနေတဲ့ နှလုံးသား‌နဲ့အတူ မိဘနှစ်ပါးရှိရာ ပြင်ဦးလွင်မြို့ကို သိင်္ဂါရ ရောက်ရှိခဲ့လေသည်။

"ပြန်ရောက်လာပြီလား!?"

အိမ်ရှေ့ခန်းကို ခြေချမိချိန်မှာ အဖေဖြစ်သူ ဦးဒီပရဲ့အသံက သိင်္ဂါရကို ရပ်တန့်သွားစေတော့သည်။ အခုချိန်မှာ စကားပြောချင်စိတ်လုံးဝမရှိပေမယ့် ရင်ဆိုင်စရာရှိတာကို ရင်ဆိုင်ရဦးမှာမို့ ဦးဒီပ ထိုင်နေတဲ့ ဆိုဖာအနားမှာ သိင်္ဂါရ မတ်တပ်သွားရပ်လိုက်မိသည်။

"ဟုတ်ကဲ့...ပြန်ရောက်ပါပြီ။"

"တော်တော်မှ ပျော်ခဲ့ရဲ့လား!?"

ရင်ထဲက ဒဏ်ရာဗရပွကို သိင်္ဂါရ ကိုယ်တိုင်သာ အသိဆုံးဖြစ်ပေလိမ့်မည်။ တစ်ပါးသူရဲ့လှည့်ဖြားခြင်းခံရပြီး ဘဝကိုပါ ပေးအပ်ခဲ့ရမှန်း ဖခင်ဖြစ်သူက သိရှိသွားရင်တောင် နှစ်သိမ့်မပေးနိုင်မှာ အသေအချာပင်။ ထို့ကြောင့် လက်ကျန်မာနလေးကို အရင်းပြုပြီး သိင်္ဂါရ လိမ်ညာခဲ့လေသည်။

"ပျော်ခဲ့ပါတယ်။"

ထိုအဖြေကိုကြားချိန်မှာ ဦးဒီပက ထိုင်နေရာကနေ ချက်ချင်း ထလာပြီး သိင်္ဂါရရဲ့ပါးကို အားပြင်းပြင်းနဲ့ ရိုက်ချလိုက်တော့သည်။

"$ရှက်မရှိတဲ့ကောင်!!!"

ထိုနာကျင်မှုက ရင်ထဲကလောက် မပြင်းထန်တာကို ဦးဒီပကတော့ မသိနိုင်ခဲ့ပေ။ အချစ်ခံရခြင်းဆိုတဲ့ စကားလုံးကလည်း သိင်္ဂါရနဲ့ လုံးဝမသက်ဆိုင်သလိုမျိုး ခံစားနေရသည်။

"မင်းကြောင့်မို့လို့ ငါ့အစီအစဥ်တွေအားလုံး ပျက်စီးကုန်ပြီ။ မင်းက ကိုယ်တိုင်လည်း အသုံးမကျသလို သူများကိုလည်း ဒုက္ခပေးတတ်တဲ့ကောင်ပဲ။"

ထိုကဲ့သို့သော စွပ်စွဲချက်အမျိုးမျိုးအတွက် ဖြေရှင်းချက်ဆိုတာက မလိုအပ်မှန်း သိင်္ဂါရ သိပြီးသားမို့ နှုတ်ဆိတ်ကာ နေခဲ့မိသည်။

"မင်းမှာ ပါးစပ်မပါဘူးလား!? လုပ်ချင်တာ လုပ်ထားပြီးတော့ ဘာမှပြန်မဖြေတာက ငါ့ကို မခန့်လေးစားလုပ်တဲ့ သဘောလား!?"

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now