🌹29🌹

5.1K 457 38
                                    

(Unicode Version)


ရဲဌာနတစ်ခုတွင်-

ဒု-ရဲမှူးမင်းခန့်က လူပျောက်တိုင်ကြားထားတဲ့ စာရင်းတွေကို စစ်ဆေးရင်းနဲ့ ဆန်းဝင်းဆိုသူရဲ့နာမည်ကို တွေ့ရှိသွားလေသည်။

"ဒီလူက ဘိန်းမှောင်ခိုမှုနဲ့ သံသယရှိတဲ့သူမလား!?"

မင်းခန့်ရဲ့တပည့်ဉာဏ်ထက်က ပုံကို သေချာစွာ ကြည့်ပြီး အဖြေပြန်ပေးခဲ့သည်။

"ဟုတ်ပါတယ်...ဆရာ။ ဟိုတလောက သူ့ကို နောင်ချိုဘက်နားမှာ တွေ့လိုက်တယ်လို့ ကျွန်တော် သတင်းရထားသေးတယ်။"

"တိုင်ချက်ဖွင့်တဲ့သူက သူ့မိန်းမပဲ။ နောင်ချိုကနေ ပြန်အလာမှာ ပျောက်သွားတာလို့လည်း ပြောထားတယ်။"

"ကျွန်တော်တို့ သူ့ကို လိုက်ရှာနေတယ်ဆိုပြီး သတင်းရလို့ ပုန်းနေတာများလား!?"

"အထက်က ဖမ်းမိန့်တောင် မချရသေးတာ။ သူက သတင်းရသွားစရာ အကြောင်းမရှိပါဘူး။"

"ဒါဆို သူ ပျောက်သွားတာက ဘာကြောင့်ဖြစ်နိုင်မလဲ!?"

"ဘိန်းမှောင်ခိုလောကထဲမှာ အချင်းချင်း မကျေနပ်ကြတဲ့သူတွေအများကြီးရှိတော့ အဲ့အထဲကလူတွေနဲ့ ပြဿနာဖြစ်ပြီး အဖမ်းခံထားရတာ နေမှာပေါ့။"

"ဆရာပြောတာလည်း ဖြစ်နိုင်ပါတယ်။"

"သူ့ကိစ္စကို မင်း တာဝန်ယူလိုက်။ ပြီးရင် ငါ့ဆီကို အကျိုးအကြောင်း လာတင်ပြ။"

"ဟုတ်ကဲ့ပါ...ဆရာ။"

ဉာဏ်ထက်က ဖိုင်တွဲယူပြီး ထွက်သွားချိန်မှာ မင်းခန့်ရဲ့ဖုန်းသံ မြည်လာလေသည်။

"ဟယ်လို...အမိန့်ရှိပါ။"

"မင်းခန့်လား!?"

ထိုအသံကြောင့် မင်းခန့်က ဝမ်းသာအားရနဲ့ ပြန်ဖြေလိုက်သည်။

"ဟာ...သိင်္ဂါရ!!! မင်း ဘယ်တုန်းက မြန်မာပြည်ကို ပြန်ရောက်တာလဲ!?"

"နှစ်လ‌လောက်တော့ ရှိပြီ။"

"မင်းကွာ...ငါ့ဆီကို ဘာလို့ စောစောစီးစီး မဆက်သွယ်တာလဲ!?"

နှလုံးသွေးဖြင့် ရေးထိုးအပ်သော                     (Written In the Heart's Blood)Where stories live. Discover now