အခန်း41

746 106 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၄၁ မင်းရဲ့ပစ္စည်းကိုလာယူ

ရွှန်းဖုန်းအဆောင်အဦးရဲ့ စီအီးအိုရုံးခန်းတွင်ဖြစ်သည်။ နေ့လည်စာနားချိန်...

ဒီအချိန်အတောအတွင်းမှာ ငါသူ့ကိုကူညီချင်တယ်။ ဒါပေမဲ့သူ့ကြည့်ရတာတော့ ငါတို့ရဲ့အကူအညီကိုလိုအပ်မယ့်ပုံမပေါ်ဘူး ၀မ်ဝေးကပြောသည်။

၀မ်ဝေးက နာမည်ကြီးနေတဲ့ ခေါင်းစီးနံပါတ်တွေကိုကြည့်ကာ ခေါင်းခါကာပြောသည်။ လူတိုင်းကနေ့စဉ်ပြန်လည်ရီပို့စ်လုပ်နေကြတာကိုတွေ့ရသည်။

ထိုအခိုက်တံခါးခေါက်သံထွက်လာခဲ့ကာ ၀မ်ဝေးက ခေါင်းတောင်မော့မကြည့်ဘဲပြောလိုက်သည်။

၀င်လာခဲ့

လုအရင်းအမြစ်ဌာနရဲ့ခေါင်းဆောင်က ၀င်လာခဲ့သည်။ စီအီးအို ကျွန်တော်ဒီပိတ်ရက်အထိ ဒီကမ်းလှမ်းမှုကိုရွှေ့ထားလိုက်ရင်ကောင်းမလား

၀မ်ဝေးက အချိန်တစ်ခဏကြာတွေးတောပြီးတော့မှ ပြန်ဖြေလိုက်သည်။

အခုပဲပို့လိုက်တော့ စောင့်နေဖို့မလိုတော့ဘူး

သည်သတင်းက လူတိုင်းအပေါ်ရိုက်ခက်မှုဖြစ်သွားခဲ့ခြင်းဖြစ်သည်။ [လူငယ်နေ့စဉ်သတင်းစာ]တွင်တောင်ပါလာခဲ့သည်။

သူတောင်မှ အခုလိုမျိုးဖြစ်ပျက်လာမယ်လို့ မခန့်မှန်းထားခဲ့ပါပေ။ သို့ရာတွင် အခုလိုဖြစ်ပျက်လာတော့လည်း သူအံ့အားသင့်တယ်လို့တော့ မခံစားမိခဲ့ပါချေ။

အကျိုးအမြတ်ရမဲ့အကွက်မြင်တတ်တာက စီးပွားရေးသမားတစ်ယောက်မှာရှိသင့်တဲ့စွမ်းရည်ဖြစ်သည်။ လွန်ခဲ့တဲ့နှစ်နှစ်အစည်းအဝေးပွဲမှာကတည်းက ဒီအခ်က္က ရှင်းလင်းစေခဲ့သည်။

အင်တာနက်ပေါ်ကဆိုရင်လည်း ဥပဒေကနေကင်းလွှတ်ခွင့်ရှိလိမ့်မည်မဟုတ်ပေ။ လွတ်လပ်စွာပြောဆိုခွင့်ရှိသည်ဆိုသည်က လွတ်လပ်စွာရမ်းကားပိုင်ခွင့်ရှိတယ်လို့တော့ မဆိုလိုပါချေ။

ကျူးဖန်းခိုင်က ခေတ်စားနေတဲ့ခေါင်းစဉ်တွေကို မွီခိုတတ္ကာ မောက်မာလွန်းတဲ့စကားလုံးတွေကို အသုံးပြုခဲ့လေကာ လူမ်ားစြာကို အရှက်ရစေခဲ့သည်။ သူ့ရဲ့နေ့ရက်တွေက ခက်ခဲသထက်ခက်ခဲနေခဲ့၏။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now