အခန်း181

118 14 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၈၁ တစ်စုံတစ်ယောက်အား သွားရောက်တွေ့ဆုံခြင်း

လုကျိုး ထိုUSBအား ထည့်ကြည့်လိုက်သည့်အခါ  အံ့အားသင့်စရာ ကောင်းလောက်အောင် များပြားလှသော ဒေတာတွေသည် သူ၏လက်တော့ထဲ တိုးဝင်လာတော့သည်။သူ၏hard diskတောင်မှ လည်သွားခဲ့ရသည်။ပန်ကာသံတွေက ဆူညံစွာ ထွက်ပေါ်လာသည်။သူ၏လက်တော့သည် လောင်ကျွမ်းမတတ်ဖြစ်လာ၏။

လုကျိုးသည် ငါးမိနစ်လောက် စောင့်ဆိုင်းလိုက်မှသာ ထိုပန်ကာသံက ငြိမ်သက်သွားခဲ့သည်။ထို့နောက် ကူးယူခြင်း ပြီးဆုံးသွားတော့၏။မျှော်လင့်ထားသည့်အတိုင်း ထိုUSBသည် ဖုန်မှုန့်တွေအဖြစ် ပြောင်းလဲသွားတော့သည်။လုကျိုးသည် folderအား ဖွင့်ရန်ပြင်လိုက်သည့်အချိန်တွင် လက်တော့၏ ညာဘက်ထောင့်တွင် လေးထောင့်ကွက်တစ်ခု ရုတ်တရက် ပေါ်လာသည်။

[သခင်က ရှောင်အိုင်းကို သတ်ချင်နေတာလား]

လုကျိုးသည် ထိုစာသားအား ကြည့်ကာ မင်သက်သွားသည်။ သူ စာအမြန် ရိုက်လိုက်သည်။

[ဘာဖြစ်လို့လဲ]

ရှောင်အိုင်း [diskနေရာကိုလည်း ကြည့်ပါဦး]

လေးထောင့်ကွက်တွင် အနီရောင် အလင်းတွေထွက်လာကာ လုကျိုးရှေ့တွင် ပေါ်လာသည်။ လုကျိုးသည် ကျန်ရှိနေသည့် storageအားကြည့်ကာ မင်သက်သွား၏။ Disk storageသည် 2TBရှိခဲ့ရာမှ ယခုအခါ 50MBသာ ကျန်တော့သည်။scanဖတ်ပေးရသည့် ဒေတာတွေသည် အလွန် များပြားနေပုံရသည်၊။

ရုတ်တရက် ထိုကိစ္စအား အလေးအနက် စဉ်းစားလိုက်တော့သည်။ လုကျိုးသည် ခပ်မြန်မြန် စာ ရိုက်လိုက်၏။

[ခဏနေဦး၊ င့ါရဲ့ ကျန်တဲ့diskနှစ်ခုကရော]

ရှောင်အိုင်း [ကျွန်တော်ရဲ့အသက်ကို ကယ်ဖို့အတွက် D နဲ့E disk တွေကို C ထဲ ပေါင်းထည့်လိုက်ရတယ်]

လုကျိုး ခပ်မြန်မြန် စာရိုက်လိုက်ပြန်သည်။

[ဒါဆို အဲ့ထဲမှာ ငါ သိမ်းထားတဲ့ ဒေတာတွေကရော]

ရှောင်အိုင်း [ကျွန်တော်အားလုံးကို ကူညီပြီး မှတ်သားထားပါတယ်၊ အားလုံးကို C Driveထဲမှာ သိမ်းထားတယ်]

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWaar verhalen tot leven komen. Ontdek het nu