အခန်း67

619 89 2
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၆၇ ကံဆိုးခြင်း

ပြတင်း အပြင်ဘက်ရှိ ညေလထုကေတာ့ လေထန်နေကာ လမ်းတွေကလည်း အဆုံးမသတ်နိုင်တော့သလိုမျိုး ယဉ်ကြောပိတ်ဆို့မှုဘဖြစ်နေလေသည်။

လုကျိုး ဖုန်းချပြီးတာနဲ့ လိုက္ကာကို ပိတ်လိုက်သည်။ ထို့နောက် ရေချိုးပြီးသွားမှ အိပ်ယာပေါ် လှဲသည်။သူက တစ်စုံတစ်ရာကို ခပ်တိုးတိုးရွတ်ဆိုကာ စနစ်ရဲ့အကာသပြင်ထဲ ၀င်သွားလိုက်သည်။

မျှော်လင့်ထားသလိုပင် အနိုင်ရသူတွေရဲ့စာရင်းကို တရား၀င် ကြေငြာလိုက်တာနဲ့ မစ်ရှင်းတစ်ခုလုံး ပြည့်စုံသွားသည်။

လုကျိုး အလျှင်စလို လေးထောင့်ကွက်နား သွားလိုက်သည့်အခါ စာသားတွေ ပေါ်လာတော့သည်။

[ မစ်ရှင်းကို ပြီးဆုံးအောင် လုပ်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ် အသုံးပြုသူ။ နောက်ထပ်လည်း ကြိုးစားအားထုတ်နိုင်ပါစေ]

[ မစ်ရှင်း ပြီးဆုံးသွားခြင်းနဲ့ ပက်သတ်တဲ့ အသေးစိတ် အချက်အလက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

နိုင်ငံအဆင့် အခြေခံဆုရရှိခြင်း၊ အဆင့်မြင့် ပညာရေး ဖလား ရရှိခြင်း
စသည်တို့ကြောင့် နောက်ဆုံး ဆုံးဖြတ်ချက် အနေနဲ့ မစ်၇ှင်း အောင်မြင်မှု အဆင့်သတ်မှတ်ချက်ကို အက်စ်ပလပ် ပေးလိုက်ပါတယ်။ (ဆုလာဘ်မစ်ရှင်းရဲ့ ဆုတွေ အပါအ၀င်)

[ မစ်ရှင်း ဆုလာဘ်: သင်္ချာ စွမ်းရည် ပြိုင်ပွဲအရ သင်္ချာ အတွေ့အကြုံအမှတ် ၂၀၀၊ရူပဗေဒအတွေ့အကြုံအမှတ် ၂၀၀၀၊အထွေထွေအမှတ် ၅၀၀၊ တစ်ခါမဲနှိုက်ခွင့် လက်မှတ် တစ်စောင် (၈၀ရာခိုင်နှုန်း အမှိုက်၊ ၁၀ရာခိုင်နှုန်း အတွေ့အကြုံ၊၅ရာခိုင်နှုန်း နမူနာပုံစံ၊၅ရာခိုင်နှုန်း မူသေပုံစံချက်)

အက်စ်ပလပ်ဆိုတာကို မြင်တော့ လုကျိုး ပျော်သွားသည်။

သူ ထင်ထားတဲ့ အတိုင်းပါပေ။ နိုင်ငံ အဆင့်ဆုဆိုတာက မစ်ရှင်းရဲ့အသေးစား လိုအပ်ချက်လေးသာ ဖြစ်နေခဲ့သည်ပေ။အက်စ်နဲ့ အက်စ်ပလပ် အဆင့်သတ်မှတ်ချက်တွေရှိတဲ့ အဆင့်မြင့် နယ်အဆင့်ဆုနဲ့ အဆင့်မြင့် ပညာရေး ဖလားတွေကမှ တကယ့်တန်း၀င်တာပင်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now