အခန်း65

611 100 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၆၅ ကျွမ်းကျင် ပညာရှင် အင်တာဗျူး

သုံးရက္က လျင်မြန်စွာ ကုန္ဆုံးသြားခဲ့ကာ ဘေကျင်းတွင် ကျွမ်းကျင် ပညာရှင်  အင်တာဗျူး လုပ်မယ့်နေ့ကို ရောက်ရှိလာခဲ့သည်။
ဘေကျင်းကို သွားမယ့် ရထားလက်မှတ်ကို ကျောင်းက ပေးပေမယ့် ဟော်တယ်ခတော့ မပါပေ။

သူတို့သုံးယောက်က ယန်ကျင်းတက္ကသိုလ် အနီးရွိ ဟော်တယ် တစ်ခန်းစီကို ဘိုကင် ယူလိုက်ကြသည်။ ထိုညတွင်တော့ သူတို့ ထပ္မဆုံ ဖြစ်ကြတော့ပေ။
သူတို့သုံးယောက်လုံးက နောက်နေ့မနက် ရွစ္နာရီမွသာ ဆုံဖို့ ပြောထားလေရင်း အင်တာဗျူး ကျင်းပတဲ့ ယန်ကျင်းတက္ကသိုလ်ရဲ့ အပြင်ဘက်တွင် တွေ့ဖို့ ဆုံးဖြတ်လိုက်ကြသည်။

သူတို့ရောက်သွားတဲ့အခါ ထိုနေရာတွင် လူတွေ စုရုံးနေကြပြီ ဖြစ်သည်။ ထိုနေရာတွင် ပြိုင်ပွဲဝင်တဲ့ အသင်းတွေ ရှိတဲ့အပြင် အသင်းတိုင်းကို အင်တာဗျူးမယ့် သတင်းထောက်တွေနဲ့လည်း ပြည့်နေခဲ့သည်။

လုကျိုးက တီဗီတွင် မပါချင်ပေ။ ထို့ကြောင့် လူကွယ်တဲ့ နေရာမျိုးကို ရွာလိုက္ကာ ထိုင်ချလိုက်သည်။ သူက ပရင့် ထုတ္ထားတဲ့ စာရွက်ကို ထုတ်လိုက်လေရင်း နောက်ဆုံးပြင်ဆင်ချက်ကို စတင် ပြန်ဖတ်လိုက်၏။

ဆွေးနွေးနေတဲ့ အသံတွေကို မကြားခင်အထိ လုကျိုး စာစ မဖတ်ရသေးပေ။

အင်တာမဗျူးခင်မှာ ဆုရမယ့် ကျွမ်းကျင်ပညာရှင်တွေကို အားလုံး ရွေးချယ်ပြီးသားလို့ ပြောသံကြားတယ်။ ဒီအင်တာဗျူး ဆိုတာက မင်းတို့ရဲ့ စာတမ်းအပေါ် တရားဝင် ပိုင်ဆိုင်ခွင့်ရှိမရှိ အျခားသူကို ရေးခိုင်းထားတာ ဟုတ်မဟုတ် စစ်ဆေးတဲ့ ပုံစံလောက်ပဲ

သိပ်မဝေးတဲ့နေရာတွင် ပါရမီရှင်တစ်ယောက်က ခုံပေါ်မှာ ထိုင်နေရင်း သူ့ရဲ့အသင်းသားတွေနဲ့ စကားစမြည် ပြောနေခဲ့သည်။
ငါ ဒီနေရာကို သုံးကြိမ်လောက် ရောက်ဖူးတယ်

နားထောင်နေတဲ့လူတွေ အံ့သြသွားကြသည်။
အဲ့လိုဆိုရင် ဆုရမယ့် သူတွေကို အရင်ဆုံး ရွေးချယ်ပြီးသားပေါ့ ဟုတ္လား

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲNơi câu chuyện tồn tại. Hãy khám phá bây giờ