အခန်း144

145 14 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၄၄ စာတမ်း ထုတ်​​ေ၀ခြင်း
လုကျိုးသည် နောက်ဆုံးတွင်တော့ သူ၏ကျောင်းတွင်း လူနေမှုဘ၀ပုံစံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ သူ၏ နှစ်ထပ်သုဒ္ဓကိန်း ကွန်ဂျက်တာ၏ စာတမ်းကို နောက်ဆုံးထွက် လစဉ် သချာင်္ဂျာနယ်တွင် ထုတ်ဝေမည် ဖြစ်သည်။ စာတမ်းကို တရား၀င်ထုတ်ဝေလိုက်မှသာ အားလုံးက သူ၏ ကြိုးစားမှုတို့ကိုမြင်နိုင်ကြမည် ဖြစ်သည်။
သိပ်မကြာခင်အချိန်တွင် လုကျိုးသည် သတင်းတွင်ပါလာခဲ့သည်။ ဟွားကောင်း လူငယ်နေ့စဉ် သတင်းစာသည် ထိုဖြစ်ရပ်အကြောင်း ဆောင်းပါးထည့်သွင်းကာ ရေးသားထားခဲ့သည်။ ခေါင်းစဉ်ဟာ အချက်အလက်တို့ဖြင့် ပြည့်နေခဲ့သည်။
[လူငယ် ပညာသင်သား လုကျိုးဟာ အကောင်းဆုံးလူငယ် ပြောရေး ဆိုခွင့်ရှိသူဆုကို ပရင်ဆယ်တွန်အကယ်ဒမီ ဆွေးနွေးပွဲတွင် ရရှိခဲ့သည်။ သူသည် ကမ္ဘာအဆင့် သုဒ္ဓကိန်း ကွန်ဂျက်တာ ပုစ္ဆာကို ဖြေရှင်းနိုင်ခဲ့၏]
ထိုခေါင်းစဉ် ဆောင်းပါးက လက်ရာမြောက်သည်ဟု ဆိုရပေမည်။ ခေါင်းစဉ်နဲ့တင် မျက်စိဖမ်းစားသည့် အရှိန်အဝါတွေ ထွက်နေခဲ့၏။
[သေစမ်း လူတစ်သောင်း ပညာရေး ပါရမီရှင်ပွဲက PHD ကျောင်းသားတွေတောင်မှ ပါခွင့်မရှိတဲ့ ပရောဂျက်တွေ လုပ်ရတဲ့ အစီအစဥ်မလား]
[လုကျိုးကို ဒေါက်တာ ဘွဲ့ရတဲ့သူတွေတောင်မှ မနာလိုဖြစ်လောက်တယ်]
[သချာင်္နယ်ပယ်မှာ တကယ့်ကို ပါရမီရှင်တွေ ပြည့်နေတာပဲ]
[ငါလည်း ဒီနယ်ပယ်ထဲကို ၀င်ချင်လိုက်တာ]
[ဒီပညာရေး နတ်ဘုရားကတော့ တကယ် အံ့သြဖို့ကောင်းတာပဲ]
[အကိုလုက အသန်မာဆုံး ပါရမီရှင် ကျောင်းသားကိုတောင်မှ အလဲ ထိုးလိုက်တာလေ]
[ငါ့အတွက် အလုပ်တွေ နည်းနည်းလောက် ချန်ထားပေးပါလား]
ဝေ့ပေါ်တွင်သာမဟုတ် အခြားသော အဓိကတက္ကသိုလ်ကြီးတွေ၏ အင်တာနက် စာမျက်နှာတွေတွင်လည်း ပြည့်နေခဲ့သည်။ အထူးသဖြင့် ယန်တက္ကသိုလ်၏ ဖိုရမ်တွင်လည်း ထိုအကြောင်းအရာတွေက ပြည့်နေခဲ့သေးသည်ပေ။
[ငါ နံပါတ်သီအိုရီ အတန်း တက်တယ်။ လက်ချာဆရာက ဒီကောင့်အကြောင်း ပြောခဲ့သေးတယ်။ သူက ကွန်ဂျက်တာကို ဘယ်လို ဖြေရှင်းခဲ့လဲဆိုတာကိုတောင်မှ ငါက မြင်ချင်နေသေးတာ]
[ဒီလုပ်ဆောင်နိုင်မှုတွေနဲ့တင် PHD ကဟအသာလေးယူနိုင်နေပြီ မဟုတ်လား]
[ဟုတ်တာပေါ့။ ဒါပေမဲ့ သူက အရမ်းငယ်လွန်းသေးတယ်။ သူက ဒေါက်တာဘွဲ့တွေကို သကြားလုံးလိုတစ်လုံးပြီး တစ်လုံး စားနေတော့မယ် ထင်တယ်]
[သေစမ်း သူကမှ တကယ့်ပါရမီရှင်ပဲ]
[ပါရမီရှင်တွေလည်း လေ့လာဖို့ လိုအပ်တာပဲလေ။ ဒါပေမဲ့ သူ့ကြည့်ရတာ ငါတို့နဲ့ မတူနေသလိုပဲ။ ကျင်းလင်တက္ကသိုလ်က သူ့ကို အထူးပါရမီ လေ့ကျင့်ရေး ပရိုဂရမ် လုပ်ပေးလောက်တယ်။ အဲ့လို လုပ်ပေးရင် သူက PHD ဘွဲ့ကို နောက်သုံးနှစ်လောက်အတွင်း အသာလေး ယူနိုင်တယ်]
[ငါတော့ မနာလို ဖြစ်လာပြီ]
[၂၀၁၈ နယ်ပယ် မက်ဒယ်ဆုကို ဒီကောင် ရလိမ့်မယ်ထင်တယ်။ မနာလိုစရာတော့ မရှိပါဘူး။ သူ့လိုဘယ်သူမှ မလုပ်နိုင်တာ]
[…]
အဓိက ဂျာနယ်တို့သည် လုကျိုးအကြောင်း သတင်းတွေ တစ်ခုပြီးတစ်ခု ထုတ်ဝေနေခဲ့၏။ ထိုထဲတွင် ငါတို့မီဒီယာလည်း ပါလာခဲ့သည်။
[အံ့အားသင့်စရာပဲ။ နှစ်ထပ် သုဒ္ဓကိန်း ကွန်ဂျက်တာကို တကယ် ဖြေရှင်းနိုင်တာက သူတဲ့လေ]
[သူက ပရယ်စန်တေးရှင်းပါ လုပ်ခဲ့သေးတာ။ သူ့ကိုတစ်လောကလုံးက ကိုးကားပြီး လေးစားနေကြတော့မှာပဲ]
အင်တာနက်ရှိ သတင်းထောက်တို့၏ လုပ်ဆောင်နိုင်မှုက ကြီးမားလွန်းပေသည်။ အင်တာနက်တွင် အလွန်အုံကြွနေသော်လည်း လုကျိုးသည် သူ၏ ဘွဲ့စာတမ်းအတွက် အခန်းထဲတွင် တံခါးပိတ်ကာ စာတမ်းရေးနေရပေသည်။
သူ စာကြည့်တိုက်သို့ သွားချင်သော်လည်း လူအများသူ့အား ဝိုင်းလာမည်ကို စိုးရိမ်မိပေသည်။ ထို့ကြောင့် အခြားကျောင်းသူ ကျောင်းသားတွေ ခံစားချက်မဆိုးဝါးစေရန် သူ အခန်းထဲတွင်သာ နေရန် ဆုံးဖြတ်လိုက်လေတော့သည်။
သူ့အတွက် ပိုက်ဆံ မလိုအပ်တော့ပေ။ ထိုသို့ဂိုက်ပြခြင်းသည် သူ၏ဦးနှောက်ကို ခေတ္တအနားပေးသည့်သဘောအနေဖြင့်သာ သူက ယူဆတော့ပေ၏။ ထို့အပြင် အမျိုးသမီးယန်ကိုလည်း သူက အပြစ်မပြုချင်ပေ။
သူသည် ထုံအသော ကျောင်းသူတစ်ယောက်ကို ပါရမီရှင်တစ်ယောက်အဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ ဟန်မန်ချီသည် သူ စိုက်ပျိုးထားခဲ့သည့် ပန်းပင်တစ်ပင်နဲ့ပင် တူနေခဲ့သေး၏ ။ထိုကြောင့် နေ့စဉ် ရေလောင်းရန် လိုအပ်နေသေးပေသည်။
ဟန်မန်ချီ၏ ကိုယ်ပိုင်ပါရမီသည်လည်း သူ့ထက် အနည်းငယ်လောက်သာ နိမ့်ကျနေခြင်း ဖြစ်သည်။ အခြားသူတွေသာဆိုရင်ဖြင့် ဟန်မန်ချီလောက် ခပ်မြန်မြန် မတိုးတက်လောက်ပါပေ။
လုကျိုးဟာ မိန်းကလေးတွေသည် ပုံမှန်အားဖြင့် သိပ္ပံနှင့် ယေဘုယျဆန်သည့် အပိုင်းတို့တွင် မတော်တတ်ကြောင်း သတိပြုမိခဲ့သည်။ သို့သော် သူ ထင်မြင်သည်က မှားယွင်းနေခဲ့ပုံရ၏။
အနည်းဆုံး ဟန်မန်ချီဟာတော့ဖြင့် သချာင်္ရမှတ်နှစ်ဆယ်ကျော် တိုးတက်လာခဲ့သည်။ ထိုပမာဏဟာ နည်းပါးသည်တော့ မဟုတ်ပေ။ သူသည် စနစ်ကြောင့်သာမဟုတ်လျှင် ကိုယ်ပိုင် ပါရမီအားဖြင့် ထိုမျှလုပ်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။
မီဒီယာတွေမှ ပြောသကဲ့သို့ လုကျိုးသည် အလွန်ကြိုးစားသူအဖြစ်သာ သူ့ကိုယ်သူ မြင်သည်။ ပါရမီရှိသူအဖြစ် သူ့ကိုယ်သူ မမြင်ပါပေ။ ကျင်းလင်တက္ကသိုလ်သည် သူ့အားပါရမီရှင် တစ်ယောက်အဖြစ်သတ်မှတ်သည် ၊မသတ်မှတ်သည်ထက် သူကသာ သွေးချွေး မျက်ရည်အပြည့်ဖြင့် ကြိုးစားခဲ့ရခြင်းကြောင့် အခုလို အောင်မြင်မှု ရရှိခဲ့ရခြင်း ဖြစ်ပေသည်။
ဂိုက်ပြသည့်အချိန် ပြည့်သွားသည့်အခါ လုကျိုးသည် အေပရွန်၀တ်ကာ မီးဖိုချောင်ထဲ၀င်ပြီး ချက်ပြုတ်လေတော့သည်။ သူသည် ငရုတ်ကောင်း အနည်းငယ် အုပ်ထားသည့် အသားကျော်နှင့် ထိုမိန်းကလေးကြိုက်နှစ်သက်သော မာပို တို့ဖူးဟင်းကို ချက်ပေးလိုက်သည်။
ထိုဟင်းပွဲတို့ကို ဟန်မန်ချီ၏ စာမေးပွဲအမှတ်တိုးတက်လာသည့် အထိန်းအမှတ်ဖြင့် သူသတ်မှတ်ပေးလိုက်သည်။
အမျိုးသမီးယန်သည် အလုပ်မှ စောစော အိမ်ပြန် မလာခဲ့ပေ။ ထိုအခါ သူတို့နှစ်ယောက်သည်သာ စားလိုက်ရတော့၏။ လုကျိုးသည် ဟန်မန်ချီနှင့် သူမ၏ ပညာရေးအကြောင်း အနည်းငယ် ဆွေးနွေးဖြစ်ခဲ့သည်။
“သချာင်္နဲ့ ရူပဗေဒစာအုပ်တွေကို ငါ မင်းအတွက် ဖတ်ကြည့်ပြီးသွားပြီ။ မင်းထပ်ပြီး လုပ်ဖို့လိုအပ်တဲ့ အပိုင်းတွေကို အမှတ်လေးတွေ ခြစ်ထားပေးခဲ့တယ်။ အဲ့ဒီအပိုင်းတွေကို အများကြီး မသင်နိုင်သေးဘူးဆိုပေမဲ့ ဇွန်လကျရင်တော့ ငါ့ကို မင်း လိုတော့မယ်တောင် မထင်ဘူး”
နောက်ပိုင်းတွင် သူမဘာသာ လေ့လာရမည် ဖြစ်သည်။ ထိုနည်းနဲ့မှ သူမ၏ ကိုယ်ပိုင် ဗဟုသုတတိုးတက်လာပေလိမ့်မည်။ ဟန်မန်ချီကား ခပ်တိုးတိုးရေရွတ်နေခဲ့၏။
“အကိုက နိုင်ငံခြားသွားမလို့လား”
လုကျိုး ခေါင်းငြိမ့်လိုက်သည်။
“နောက်နှစ် ဖြစ်လိမ့်မယ်။ တက္ကသိုလ်က ပရင်ဆယ်တွန်မှာ PHD သွားယူဖို့ ငါ့ကို လွှတ်ထားတယ်လေ။ အဲ့ဒီမှာ သိပ္ပံသုတေသန နယ်ပယ်ထဲကို တစ်ခါထဲ ၀င်လို့ ရအောင်လို့ပေါ့”
နောက်နှစ်တွင် သူသည် မာစတာဘွဲ့ကို ယူရမည်ဖြစ်သည်။ ကျင်းလင် တက္ကသိုလ်တွင် သူ့ကိုသင်ကြားပေးနိုင်သည့် အရာတို့ မရှိလောက်တော့ပါပေ။ သူ့အတွက် အဆင့်မြင့် ပညာရေးလမ်းကြောင်း လိုအပ်နေလောက်သည်။
ဟန်မန်ချီ အနည်းငယ်တော့ဖြင့် ၀မ်းနည်းသွားခဲ့ရသည်။ သူမက မေးလိုက်၏။
"ညီမကို မာစတာ ကျောင်းသူ အဖြစ် ခေါ်ပါလား"
"မင်းက သင်္ချာ ၀ါသနာပါလို့လား"
ဟန်မန်ချီသည် အားအင်အပြည့်ဖြင့် ခေါင်းငြိမ့်လာခဲ့၏။
“ဟုတ်တယ် ညီမသချာင်္ကိုအရမ်းကြိုက်တာ”
“မင်းကလား သေချာလို့လား”
“သေချာတယ်”
လုကျိုး သူ့တူကို ချထားလိုက်သည်။ ထို့နောက် ပြောလိုက်၏။
“ကောင်းပြီလေ၊ ဒီကိစ္စက မလွယ်ဘူးဆိုတဲ့အကြောင်းကိုလည်း ငါမင်းကို ပြောပြထားရလိမ့်မယ်။ အနည်းဆုံးမင်း ထိပ်တန်းတက္ကသိုလ် အခုလေးဆယ် စာရင်းထဲကို ၀င်မှပဲ င့ါရဲ့မာစတာကျောင်းသူလုပ်ခွင့်ရလိမ့်မယ်”
ဟန်မန်ချီက စိတ်တက်ကြွစွာဖြင့် ပြောလာခဲ့၏။
“ညီမ အကောင်းဆုံး ကြိုးစားမှာ”

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now