အံ့ဖွယ်စနစ်ပိုင်ရှင်
ဘာသာပြန်သူ Knowledge
အပိုင်း ၇
ပါရမီရှင်ကျောင်းသားတစ်ယောက်နှင့် နှိုင်းယှဉ်လိုက်ရင် ကျန်တဲ့သူတွေအားလုံးက အမှိုက်တွေသာဖြစ်သည်။အနည်းဆုံးတော့ ကျိုးကြောင်းသင့်လျော်မှုက လောဘကြီးခြင်းကို ကျော်လွှားနိုင်စွမ်းရှိသည်။ လုကျိုး သူ့ရဲ့ မဖြစ်နိုင်တဲ့ စိတ်ကူးတွေကို ချက်ချင်းပင် ပျောက်ကွယ်သွားအောင် မေ့ပစ်လိုက်သည်။ သူ့လိုလူသစ်တစ်ယောက်အနေနဲ့ သိပ္ပံပညာဂျာနယ်တစ်ခုမှာ ထည့်သွင်းရေးသားခွင့်ရဖို့က မခက်ခဲပါချေ။ တရုတ်သင်္ချာ ဂျာနယ်မှာ ရေးသားဖို့အတွက် မကြာခဏလူတွေဆင့်ခေါ်လေ့ရှိကြသည်။ တစ်စုံတစ်ယောက်ရဲ့အင်္ဂလိပ်စာအရေးအသားကောင်းနေပါက ထိုအရည်အချင်းကို အသုံးချပြီး ဒီအလုပ္ကို လုပ်ဆောင်နိုင်စွမ်းရှိပေသည်။
ဂျာနယ်ထဲစာတမ်းထည့်ရာတွင် နံပါတ်တစ် သတ်မှတ်ခံထားရတဲ့ ဂ်ာနယ္ကေတာ့ အေအမ်စီ ဖြစ်ကာ မကျော်ကြားသည့် သာမန်ထက်နိမ့်ကျသောထုတ်ဝေရေး အလုပ်တစ်ခုလို့ဆိုနိုင်ပေသည်။ ရှန်ဟိုင်းတက္ကသိုလ်က အေအမ်စီ ဂျာနယ်ပေါင်းများစွာကို လေးနှစ်အတွင်းတွင် အုပ်ရေရာပေါင်းများစွာ ထုတ်ဝေခဲ့သည်။ သို့သော် တစ်ယောက်တည်းက တစ်နှစ်အတွင်း ထိုဂျာနယ်မှာနေရာအခုနှစ်ဆယ်လောက်ရပြီး ရေးသားနိုင်စွမ်းရှိဖို့နဲ့ထုတ်ဝေခွင့်ရှိဖို့ကတော့ မဖြစ်နိုင်ပါချေ။
ပညာသင်နှစ်၏ ပြီးပြည့်စုံသော စာတမ်း တွေကိုကာကွယ်ရန်အလို့ငှာ အချို့သော ခေတ်ဟောင်းဂျာနယ်တိုက်တို့က အုပ်ရေကို တစ်ရာ သို့မဟုတ် ထို့ထက်ပိုနည်းသည့် ပမာဏသာ ထုတ်ဝေခွင့်ပြုထားပေသည်။ သို့ရာတွင် မွန်းစတားဂျာနယ် ကေတာ့ ဂရုစိုက်ပုံမရပေ။ သူက နှစ်တိုင်းနှစ်တိုင်းမှာ ထောင်ပေါင်း မ်ားစြာ ထုတ်ဝေလေသည်။ သူက မိတ္တူပမာဏများစွာ ပွားများခဲ့လေကာ ပုံမှန်အတိုင်းပင် လူထုထဲအတော်ကို ပျံ့နှံ့သွားလေ့ရှိပြီး ကုန်ဆုံးပုံကလည်း မြန်ဆန်ပေသည်။ ထိုကဲ့သို့ များပြားလှတဲ့ မိတ္တူစာစောင်တွေနဲ့ အတုအယောင် မှတ်ချက်ပေးတဲ့ အသုံးပြုသူ၊ ဖတ်ရှုသူတွေကြောင့် အခြားသော အယ္ဒီတာ အဖွဲ့အစည်းတွေဟာလည်းစာတမ်းတွေက်ို တစ်ရာထက်ပိုပြီး ထုတ်ဝေရတော့သည်။
YOU ARE READING
အံဖွယ်စနစ်ပိုင်ရှင် ပထမတွဲ
Science Fictionလုကျိုးဟာ မမျှော်လင့်ဘဲ စနစ်တခုကိုပိုငဆိုင်ကာ လူတွေအလည်မှာ ထင်ပေါ်ကျော်ကြားလာခဲ့တယ်