အခန်း61

599 88 1
                                    

အံဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၆၁ ခုနစ်ဆယ့် နှစ်နာရီလုံး စာလုပ်ခြင်း

ဝမ်ရှောင်တုံးက နောက်ဆုံးအဆင့်ကို လုပ်ပြီးသွားတာနဲ့ သူက ဒေတာပက်ကေ့တွေကို ဖွင့်လိုက်ကာ လုကျိုးကို ကြည့်လိုက်သည်။

ပရိုဂရမ္ကို တွက်ချက်တဲ့ ပုံစံကေတာ့ ပြီးသွားပြီ ။အကြာအေဝးကို လနဲ့အနီးစပ်ဆုံး ဘက်ခြမ်းတွေကိုပဲ တွက်ချက်ရတော့မယ်။ အမြန်နှုန်း ပြီးတော့ ပြောင်းလဲသွားမယ့် ဦးတည်ရာဘက်တွေရဲ့ တွက်ချက်မှု အနီးစပ္ဆုံးကို ဆက်လုပ်ရလိမ့်မယ်။ ငါ မင်းကို အီးမေး ပို့ပေးရမလား

လုကျိုးက စာတမ်း ရေးသားနေခြင်း ဖြစ်သည်။ သူက ခေါင်းပင်မမော့ဘဲ ပြန်ပြော၏။

ငါ့ကို ကျူကျူဆီကပဲ ပို့လိုက်

ဝမ်ရှောင်တုံး ကောင်းပြီ ပြီးရင် ဘာထပ်လုပ်ရမလဲ

လုကျိုးက ဝမ်ရှောင်တုံး နောက်ထပ် တွက်ချက်ရမယ့် အပိုင်းတွေကို ပြောပြလိုက်သည်။ ထို့နောက် ဝမ်ရှောင်တုံးရဲ့ ခုံပေါ်သို့ အေဖိုး စာမျက်နှာအပြည့်ရေးထားတဲ့ စာရွက်တွေကို ပေးလိုက်သည်။ ဒါက ဝမ်ရှောင်တုံး နောက်ထပ် တွက်ချက်ရမယ့် အပိုင်းတွေဖြစ်၏။

ဝမ်ရှောင်တုံး ထိုစာရွက်က ဒေတာတွေကို ကြည့်ပြီး လက်ရှိသုံးနေတဲ့ ဆော့ဝဲထက်ပိုပြီး ဆရာက်ကာ ဒေတာမြေပုံတွေ မြန်ဆန်တဲ့ ဒေတာ အပလီကေးရှင်းဆော့ဝဲကို ပြောင်းလိုက်သည်။ အမူအရာမဲ့စွာနဲ့ပဲ သူပြောလိုက်၏။

ကောင်းပြီ

သူတို့နှစ်ယောက်က တိတ်တိတ်ဆိတ်ဆိတ် အတူတကြ ပူးပေါင်းကာ ကိုယ်ပိုင်ကျွမ်းကျင်ရာ နယ်မြေတွင် တိုက်ပွဲဝင်ရင်း လုပ်ဆောင်နေကြသည်။

လင်းယွီရှန်း ကွန်ပြူတာ ခန်းမထဲသို့ တိတ်တဆိတ် ပြန်လာတဲ့အခါ ဆယ့်နှစ်နာရီ ထိုးနေခဲ့လေပြီ။ သူမက အဝါရောင် ထမင်းဘူးတွေနဲ့ ကော်ဖီဗူး နှစ်ဗူးကို ထည့်ထားသည့် ပလပ်စတစ်အိတ်ကို စားပွဲပေါ် တင်လိုက်သည်။

ပါရမီရှင်တို့ရေ စားဖို့ အချိန်ကျပြီနော်

ဝမ်ရှောင်တုံးက အရင်ထပြီး သူ့ဝေစုကို ဆွဲသည်။ ထို့နောက် အပြုံးနဲ့ ပြော၏။
ကျေးဇူးတင်ပါတယ်

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWo Geschichten leben. Entdecke jetzt