အခန်း74

578 90 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၇၄ စနစ်ရဲ့ လျှို့ဝှက်ချက်တွေ

ငါလည်း မင်းကို အာကာသထဲ မသွားခိုင်းပါဘူး
ရန်ချန်းမင် ပြန်ပြောသည်။ သူ့ခမျာ လျှာကိုက်မိ မလိုတောင်ဖြစ်သွားရသည်။ သူက ပြောလိုက်၏

ငါက မင်း အာကာသယဉ် ဖွံဖြိုး တိုးတက်ခြင်း နယ္ပယ္ကို စိတ်၀င်စားလားလို့ မေးတာ"

အာကာသယဉ်ဆိုတဲ့ စကားကို ကြားတော့ လုကျိုး တစ်စုံတစ်ရာကို မှတ်မိသွားသည်။
ဒါ သင်္ချာ စွမ်းရည် ပြိုင်ပွဲတုန်းက ဒိုင်မဟုတ်လား...
ဒါ လပေါ် စူးစမ်း ရှာဖွေခြင်း ပရောဂျက်ရဲ့ ဒီဇိုင်းနာပဲ
ဒါပေမယ့်
ခင်များက အငြိမ်းစားယူပြီးသား မဟုတ္ဘူးလား

လုကျိုးက ဘာမှပြန်မပြောသေးတော့ ဒါက အေလးအနက္ထား တွေးတောသင့်တဲ့ ကိစ္စဆိုတာကို ပရော်ဖက်ဆာရန် သိလိုက်သည်။ သူက ဆက်ပြောလာသည်။

ငါ မင်းရဲ့ပြိုင်ပွဲတုန်းက စာတမ်းကို အကြိမ်ကြိမ်ဖတ်ကြည့်ပြီးပြီ။ အချိန်တိုအတွင်းမှာ ဒီလောက်အဆင့်မြင့်တဲ့ စာတမ်းကို ရေးနိုင်ခဲ့တဲ့ မင်းက တကယ်အလားအလာရှိပြီး တော်တယ်ဆိုတာ ငါ သိလိုက်ရတယ်

ဒါ့အပြင် မင်းက သင်္ချာမေဂျာကဖြစ်သလို သန့်စင်တဲ့ သင်္ချာကို သုတေသနလုပ်နေခဲ့ကာ စာတမ်းတစ်ခုတောင်မှ ရေးခဲ့မှန်း ငါ သိထားတယ်။ ငါတို့တိုင်းပြည်ရဲ့ အာကာသယဉ်စက်ရုံတွေက မင်းလို လူမျိုးကို လိုအပ်တယ်
ရန်ချန်းမင်က ထိုသို့ ပြောလိုက်သည်။ သူက ပြုံးကာ ရိုးရိုးသားသား ဆက်ပြော၏။

ကောင်လေး မင်း ယန်တက္ကသိုလ်ကို လာချင်လား။ ယန်တက္ကသိုလ်က စက်ပြင်တွေနဲ့ အာကာသနည်းပညာဌာနက တိုင်းပြည်ထဲမှာ အကျော်ကြားဆုံးပဲ

လုကျိုး ထိုကမ်းလှမ်းချက်ကို ဂရုတစိုက် နားထောင်နေခဲ့ပြီးမှ ပြောလိုက်သည်။
သူက စိတ်ထဲသေချာ ပြင်ဆင်ပြီး ငြင်းဆိုလိုက်သည်။

ကျွန်တော် စိတ်မကောင်းပါဘူး ပရော်ဖက်ဆာရန်။ ကျွန်တော် အာသာကယဉ်နဲ့ ပက်သတ်တာတွေကို ဘာမွ မသိပါဘူး။ ကျွန်တော် ပြိုင်ပွဲမှာ လုပ်နိုင်ခဲ့တာက သင်္ချာ ပြဿနာတွေကို ထည့်သွင်း ပြောင်းလဲနိုင်ခဲ့လို့ပါ။ ဒီနယ္ပယ္က အချက်အလက်တွေ ထည့်သွင်းစဉ်းစားခဲ့တာ မဟုတ်ပါဘူး။ အျခား စကားနဲ့ပြောရရင် ကျွန်တော် အရမ်းကံကောင်းနေလို့သာ အဆင်မြင့်ပညာရေး ဖလားကို ရခဲ့တာပါ။ အာကာသယဉ်နယ်ပယ်က ကျွန်တော်နဲ့ သင့်တော်မယ် မထင်ပါဘူး
လုကျိုး တစ်ခါထဲ ငြင်းဆိုပစ်လိုက်သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now