အခန်း159

128 14 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၅၉ သတင်းကောင်းနှင့် သတင်းဆိုး

ငါ မင်းကို ယုံတယ်ဆိုတဲ့စကားသည် လုကျိုးအတွက် ဝန်ပိကြောင်း သိသာသွားခဲ့သည်။ ကျင်းလင်တက္ကသိုလ်တွင် သုတေသနပညာရှင် သုံးယောက်ရှိနေကြကာ နှစ်ယောက်သည် အကယ်ဒမီ ရူပဗေဒပညာရှင်တွေ ဖြစ်ကြသည်။ တစ်ယောက်သည် intern တစ်ယောက် ဖြစ်၏။ ထိုအဖွဲ့သည် သန်မာသည်ဟု ထင်ရသော်လည်း အစီအစဉ်အရ ဒေတာဘီဝမ်း အပိုင်းက်ို တုန့်ပြန်နိုင်ရုံလောက်သာ ဖြစ်ပေ၏။

တစ်လောကလုံးက ဓါတ်ခွဲခန်းတွေသည် လက်ရှိအချိန်တွင် ပေါင်းစပ်ကာ အသုံးပြုကြရမည်ဖြစ်သည်။ သည်နေရာတွင် အင်တာနက်မရှိပေ။ ထို့ကြောင့် သုတေသနကို ကိုယ်ပိုင် နည်းပညာနှင့်သာ တွက်ချက်ရမည် ဖြစ်ပေ၏။

ဥပမာအနေဖြင့် တစ်စုံတစ်ယောက်သည် ရှုပ်ထွေးနေသည့် အမှုန်တွေအကြောင်း သိချင်ပါလျှင် ကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာသည့် နည်းလမ်းကို အသုံးပြုရမည်ဖြစ်သည်။ အင်တာနက်ကို အသုံးပြု၍ မရပါချေ။

သို့ရာတွင် တင်ဘာနီ ဆိုသူသည် အင်တာနက်တွေ အသုံးများသည့်နေရာမှ လာခဲ့သဖြင့် အခုကဲ့သို့ ဆက်သွယ်ရေးလိုင်းတွေ အသုံးပြုမရသည့်အခါ သူက ဥရောပ တက္ကသိုလ်၏ အမှုန်ရူပဗေဒအတွက် ဒီဇိုင်းဆွဲပေးခဲ့သည်။ သူက အကယ်ဒမီ နယ်ပယ်အား ပြောင်းလဲမှု ဖြစ်စေရုံသာမကလေဘဲ ဆိုရှယ် မီဒီယာတွေအပေါ်ပါ လွှမ်းမိုးနိုင်စွမ်း ကြီးမားသွားခဲ့သည်။

အကယ်ဒမီ အစည်းအ​ေ၀းပွဲတွင် ပရော်ဖက်ဆာ လုရှန်းကျန်းသည်လည်း သက်ရောက်မှု ခံခဲ့ရသည်။ ဆယ်မိနစ်ထဲနှင့် အစည်းအဝေးပွဲသည် ပြီးဆုံးသွားခဲ့သည်။ သို့သော် လုပ်ဆောင်မှု တာဝန်တွေကို အားလုံးအား ခွဲဝေပြီးသား ဖြစ်သွားခဲ့၏။

လုကျိုးသည် တွက်ချက်သည့် အပိုင်းအား တာဝန်ယူရသည်။ သူသည် ပရော်ဖက်ဆာ လုရှန်းကျန်း သူ့အား ပေးလာမည့် ဒေတာတွေအား ဖြေရှင်းရမည် ဖြစ်၏။
လုကျိုးသည် ဖန်ရှင်နယ် ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အဖွဲ့သီအိုရီတွေအား နားလည်ထားသော်လည်း သူသည် သီအိုရီကယ် ရူပဗေဒ ခွဲခြမ်းစိတ်ဖြာခြင်းတွင်တော့ လူသစ်သာ ဖြစ်သည်။ ကံကောင်းသည်မှာ ယန်ရှင်းကျွယ်သည် သူ့အား ကူညီခဲ့ကာ သူ နားမလည်သည့်အပိုင်းတွေပါဝင်သည့် ဖိုင်တွေအား ပေးလာခဲ့သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now