အခန်း163

117 15 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၆၃ အသေးစိတ်

ပရော်ဖက်ဆာ လုရှန်းကျန်း၏ ပရယ်ဇန်တေးရှင်းအား အချိန်ဇယားအတိုင်း ကျင်းပသည်။ LHCb မှ ဒိုင်တွေသည် ပရယ်ဇန်တေးရှင်း စမည့်အချိန်ကို စိတ်၇ှည်စွာ ထိုင်စောင့်နေကြပေသည်။အခြားသော သုတေသန အဖွဲ့တွေသည်လည်း ခန်းမထဲတွင် စောင့်နေကြပေသည်။

ကရာလာ၏ စားပွဲပေါ်တွင် လက်တော့ပင် ၇ှိနေသည်။ သူမက စင်ပေါ်သို့ တက်လာသည့် ကောင်လေးအား မြင်သည့် အချိန်တွင်တော့ မျက်နှာတွင် ခပ်ညစ်ညစ်အပြုံး ပေါ်လာသည်။ထိုကောင်လေး ကြောက်လန့်နေလောက်ပြီဟု ကရာလာက ထင်နေသည်။ သို့သော် လုကျိုးသည် သူမကို သတိပင် မထားမိချေ။

သူ့ဘာသာ ပြောစရာရှိသည့် အကြောင်းအရာတွေအား ပြောပြသွားခဲ့သည်။ ပရယ်ဇန်တေးရှင်းက မိနစ် သုံးဆယ်ခန့် အချိန်ယူလိုက်သည်။ နောက်ပိုင်း ၁၅မိနစ်သည် အမေး၊အဖြေ ကဏ္ဍဖြစ်သည်။ လုကျိုးသည် ပရိတ်သတ်တွေကို ကြည့်ကာ မေးလိုက်သည်။

“ အခြေခံ အခြေအနေကတော့ ဒီအတိုင်းပါပဲ။ ဒေတာ B1နဲ့ တာ့လစ် ဒိုင်ယာဂရမ်ကို ပါဝါပွိုင့်မှာ ပြထားပါတယ်။ မေးစရာများ ၇ှိပါသလား”

ခန်းမသည် တိတ်ဆိတ်လို့နေသည်။ မည်သူမျှ လက်မထောင်ကြပေ။ များစွာသော သူတို့သည် လုကျိုးအား မေးခွန်း မေးချင်နေကြပေသည်။ သို့သော် မည်သည့်အချက်အား မေးသင့်ကြောင်း မသိကြတော့ပေ။

လုကျိုးသည် ဆိုင်ရာကော့ သုတေသန အဖွဲ့သည်တော့ဖြင့် သူ့အား ပြဿနာများအောင် လုပ်လာနိုင်သည်ဟု တွေးခဲ့သည်။ သို့သော် ထိုသူတို့သည် မည်သည့်လှုပ်၇ှားမှုမျှ မလုပ်လားကြပေ။

သူသည်လည်း အကြောင်းပြချက်ကို သိသည်။ သူ၏ အနှစ်ချုပ်ပုံစံသည် ၇ှင်းလင်းကာ လူတိုင်း နားလည်လွယ်သည့်အပြင် ဒေတာတွေကလည်း မှန်ကန်နေသည်။ ပန်တာကွစ်တောင်မှ မှန်ကန်နေခဲ့ပေ၏။

ထိုသို့မှန်ကန်နေသဖြင့် သူတို့တွေ အမှားရှာမရတော့ပေ။ လုကျိုးသည် အမှားကင်းစေရန် မနေ့က တစ်နေ့လုံး ယန်ရှင်းကျွယ်နှင့် အလုပ်လုပ်နေခဲ့သည်။ သူ အထပ်ထပ်လည်း စစ်ဆေးခဲ့သေး၏။ ထို့ကြောင့် သူက ယုံကြည်မှု အပြည့်အ၀ ရှိပေသည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now