အခန်း 167

110 15 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၆၇ မမျှော်လင့်ထားသည့် ရှာဖွေတွေ့ရှိမှု

“ တကယ်တော့ ဒီကိစ္စက အခုထိ မပြီးသေးဘူး။ CERN ကလူတွေ ဘာတွေးနေမယ်ဆိုတာ ဘယ်သိနိုင်မှာလဲ”

“ သူတို့က ဘာမှ မတုန့်ပြန်တာလား”

ယန်ရှင်းကျွယ်က အီဗန်၏ လေသံကိုတုကာပြောသည်။
“ ဒါပေါ့ အမှန်ပါပဲ မင်းတို့တွေသာ ဟိုက်ဒရွန် ကော်လီတာကို လလောက် ကြီးအောင် တည်ဆောက်နိုင်ရင် တွင်းနက်ကြီး ဖြစ်လာလိမ့်မယ်။ ဒီတော့ ငါတို့တွေ ရန်ပုံငွေလိုတယ်”

လုကျိုး ရယ်လိုက်သည်။ CERN အတွက် ရန်ပုံငွေ ရမည် မထင်ပေ။ ထို့နောက် သူတို့၏ ကားသည် မြောက်ဘက်အဆောင်သို့ ရောက်သွားသည်။ ယန်ရှင်းကျွယ်သည် ကားကို ပါကင်တွင် ရပ်ပြီးသည်နှင့် လုကျိုးအား သုတေသန စင်တာသို့ ခေါ်သွားတော့သည်။

ဟိုက်ဒရွန် ကော်လီတာကို နှစ်ပိုင်း ခွဲခြားနိုင်သည်။ တစ်ပိုင်းသည် သေးငယ်သော ဘစ်မော့ သတ္ထုပိုင်းလေးတွေကို ပတ်ထားသည့် ပိုက်လေးတွေဖြစ်သည်။ အခြားတစ်ပိုင်းသည် အပြင်ဘက်၇ှိ ပိုက်ငယ်လေးတွေနှင့် အထဲရှိ ပိုက်ကြီးအား ဆက်ထားသည့် ဒီတက်တာ အမျိုးအစားဖြစ်သည်။

ကော်လီတာ တစ်ခုလုံးသည် အမှုန်တွေအား မရေမတွက်နိုင်သည့် ပိုက်တွေထဲသို့ ထည့်ကာ ပူးပေါင်းစဉ်တွင် သေးငယ်သည့် ဖြစ်နိုင်စွမ်းဖြင့် တွက်ချက်ကာ ဒေတာရှည်တွေ ရယူရခြင်း ဖြစ်ပေသည်။ တူးဆွလို့ရသမျှ အမှုန်တွေသည့် ရူပဗေဒ အဖွဲ့အစည်းတစ်ခုလုံးအား အံ့အားသင့်စေနိုင်စွမ်းရှိသည်။

ယန်ရှင်းကျွယ် လုကျိုးကို ခေါ်သွားသည့် သုတေသန စင်တာသည် ဒေတာကောက်ရသည့် ဘက်ခြမ်းဖြစ်သည်။ စင်တာထဲတွင် ဓာတ်ခွဲခန်းပေါင်းများစွာ ရှိသည်။ ဓာတ်ခွဲခန်းတိုင်းသည် အမျိုးမျိုးသော ဒီတက်တာတွေထံမှ ဒေတာတွေကို စုဆောင်းသည်။

သူတို့တွေ ဓာတ်ခွဲခန်း တစ်ခုနားသို့ လျှောက်သွားသည့်အခါ ဓာတ်ခွဲခန်း ၀တ်စုံ၀တ်ထားသည့် လူဖြူတစ်ယောက်ကို တွေ့ရသည်။ ထိုသူသည် ကွန်ပျူတာ ရှေ့ထိုင်ကာ ကော်ဖီသောက်နေသည်။ ယန်ရှင်းကျွယ်သည် ထိုသူနှင့် သူ့ကို မိတ်ဆက်ပေးသည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now