အခန်း179

115 16 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၇၉ အဆင့်သုံး ရူပဗေဒ

ယန်၇ှုင်းကျွယ်သည် ကားကို အဆောင်တွင် ပါကင်ထိုးပြီးမှ နောက်ဖုံးဖွင့်ပေးသည်။ သူက လုကျိုးကို ကူကာ ခရီးဆောင်အိတ်အား သယ်ထုတ်ပေးသည်။

“ လေးလိုက်တာ အထဲမှာ ဘာတွေတောင် ပါနေတာလဲ”

လုကျိုး ရှက်၇ွံ့သွားသည်။
“ လက်ဆောင် တချို့ပါ ပြီးတော့ သူငယ်ချင်းတွေမှာတဲ့ ပစ္စည်းတွေရောပါပဲ”

“ ငါ မင်းကို လိုက်ပို့ပေးရဦးမလား”

“ အာ အဆင်ပြေပါတယ် ကျွန်တော်က ဒုတိယ ထပ်တင်ပါ”

“ ကောင်းပြီ ဒါဆို ငါ သွားတော့မယ်။”

ယန်၇ှင်းကျွယ် ကားပေါ် ပြန်တက်သွားသည်။ သူက လက်ရမ်းနှုတ်ဆက်ကာ ခပ်မြန်မြန် ထွက်သွားတော့၏။ လုကျိုးက ကားမီးရောင် ပျပျသာ မြင်ရတော့သည်အထိ ငေးကြည့်နေပြီးမှ မည်းမှောင်နေသည့် အဆောက်အဦးကို ပြန်ကြည့်သည်။ သူက သက်ပြင်းရှည်ကြီးချကာ ခရီးဆောင်အိတ်ကို သယ်ပြီး လှေကားပေါ်တက်တော့သည်။

လက်ရှိသည် သြဂုတ်လ အစောပိုင်း နွေရာသီ ပိတ်ရက်ဖြစ်နေခဲ့သဖြင့် အဆောင်က တိတ်ဆိတ်နေတော့သည်။ ကံကောင်းသည်မှာ သူ၏ အဆောင်ခန်းသည် ဒုတိယထပ်တွင် ၇ှိနေသည်။ ထိုသို့မဟုတ်ပါလျှင် လေးလံလှသည့် ခရီးဆောင်အိတ်ကြီးဖြင့် သူ အဆင်မပြေနိုင်မည် မထင်ပေ။ လုကျိုးသည် တံခါးဖွင့်ပြီးသည်နှင့် သူ၏ အိတ်ကို လွှင့်ပစ်လိုက်သည်။ထို့နောက် ရေချိုးသန့်စင်ကာ ကုတင်ပေါ် ပြေးတက်လိုက်တော့သည်။

ကုတင်ပေါ် ပက်လက်လှဲနေရင်း သူ ရေရွတ်လိုက်သည်။
“ စနစ်”

သူ မျက်လုံးပြန်ဖွင့်လိုက်သည့်အချိန်တွင် ဖြူဖွေးနေသည့် နေရာထဲ သူရောက်သွားသည်။ မစ်ရှင်း၏ အသိပေးစာကို သူရသည်။

[ ဂုဏ်ယူပါတယ် အသုံးပြုသူ မစ်၇ှင်းကို အောင်မြင်သွားပါပြီ]

[ မစ်ရှင်းအား ပြီးပြည့်စုံအောင် လုပ်ဆောင်ခဲ့သည့် အသေးစိတ် အခ ျက်အလက်တွေသည် အောက်ပါအတိုင်း ဖြစ်သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now