အံ့ဖွယ်စနစ်ပိုင်ရှင်
အပိုင်း ၄၇ (အက်ပလီကေးရှင်း းတစ္ခုကို ကျယ်ပြန့်ဖွံ့ဖြိုးအောင် လုပ်ဆောင်ခြင်း)
ကွန်ပြူတာခန်းထဲတွင် လူတစ်ယောက်တောင်မရှိလေဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။ မည်သို့ပင်ဆိုစေ ဒါက နွေရာသီအားလပ်ရက်ဖြစ်နေခဲ့သည်ပင်။ ဘွဲ့ကြိုစာမေးပွဲဝင်ခွင့်အတွက် စာလေ့လာနေတဲ့ကျောင်းသူတွေကလည်း ကွန်ပြူတာခန်းသို့လာပြီး ကွန်ပြူတာ အသုံးပြုနေကြလိမ့်မည်မဟုတ်ပေ။
လုကျိုးက အဲယားကွန်းနဲ့နီးတဲ့အနားကို သွားလိုက်လေရင်း ထိုင်ချလိုက်သည်။ သူက သူ့ရဲ့ ကိုယ်ပိုင်ကျောင်းသားကဒ်ကို ထုတ်ယူကာ လျှို့ဝှက်နံပါတ်ကို ထည့်သွင်းလေရင်း ကျွမ်းကျင်စွာနဲ့ ကွန်ပြူတာကို ဖွင့်လိုက်သည်။
သူ ဘာလို့ကျောင်းရဲ့ကွန်ပြူတာခန်းက ကွန်ပြူတာကို အသုံးပြုရတာလဲဆိုတော့ ပိုင်သွန်ကိုရေးဆွဲရင်း ပရိုဂရမ်တွေပြုလုပ်ဖို့အတွက် လိုအပ်လာသောကြောင့်ပဲဖြစ်သည်။ ပိုင်သွန်ကို လေ့လာဖို့အတွက် လင်းအဆင့်မြင့်စနစ်ကို အသုံးပြုဖို့အတွက် လိုအပ်ပေသည်။
နောက်ပြီးလုကျိုးရဲ့ နှစ်လက်သုံး လပ်တော့က တော်တော်လေးကို ချာတူးလန်နေသည်မဟုတ်လား။ သူ့ရဲ့ကွန်ပြူတာက ပီဒီအက်ဖိုင်တွေကို ကူးယူးပြီး စာတမ်းရေးသားဖို့အတွက် အမြဲလိုအပ်သေးသည်ပေ။ သူက တစ်ခါတစ်ရံမှာလည်း ဂိမ်းဆော့သေးသည်ဖြစ်လေရာ သူ့ကွန်ပြူတာရဲ့ကောင်းမွန်မှုတွေကို ဒီလိုနည်းနဲ့ ဖျက်ဆီးမိခဲ့ခြင်းဖြစ်လောက်ပေသည်။
ပုံရိပ်ယောင်စက်ကိုပဲဖြစ်ဖြစ်၊ အလုပ်လုပ်တဲ့စနစ်ကိုပဲဖြစ်ဖြစ် တစ်ပြိုင်တည်းအသုံးပြုဖို့ကတော့ မဖြစ်နိုင်ပါချေ။
ဖတ်စာအုပ်ထဲမှာတော့ ဒါကို ရှင်းရှင်းလင်းလင်း ရှင်းပြထားတာပဲ ဒါပေမယ့် တကယ်တမ်းလုပ်တဲ့အခါ ဒီလောက်ခက်နေမယ်လို့ မထင်ထားဘူး။ သေချာတာကတော့ စာရွက်ပေါ်မှာ ချရေးတာနဲ့ ကုတ်တွေအမှန်တကယ်ဖန်တီးတာက တကယ်မတူတဲ့ကိစ္စပဲ။ ငါခန့်မှန်းရသလောက်ဆိုရင် ငါ လက်တွေ့လုပ်ကြည့်ဖို့ လိုအပ်မယ်နဲ့ထင်တယ်
YOU ARE READING
အံဖွယ်စနစ်ပိုင်ရှင် ပထမတွဲ
Science Fictionလုကျိုးဟာ မမျှော်လင့်ဘဲ စနစ်တခုကိုပိုငဆိုင်ကာ လူတွေအလည်မှာ ထင်ပေါ်ကျော်ကြားလာခဲ့တယ်