အခန်း103

465 57 2
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၁၀၃ မျက်နှာသစ်တာက ဘာမွ ထူးထူးခြားခြား မပြောင်းလဲသွားစေပါဘူး

အဆောင်ခန်းက ရှင်းလင်းနေသည်။ လျှို့လွေ့နဲ့ ဟွမ်ကွမ်းမင်တို့က စိတ်အားထက်သန်စွာနဲ့ သီချင်းဆိုနေတုန်း  ဖြစ်ကြလောက်ပေသည်။

လုကျိုးက အိပ်ရာပေါ် ကုတ်ဖက်တက်လိုက်ရင်း စနစ်ရဲ့နေရာလပ် ပြင်ကျယ်ထဲ ၀င်လိုက်သည်။ သချာင်္ဆုနဲ့ အနည်းဆုံး မစ်ရှင်းနှစ်လောက်ကိုတော့ ပြီးအောင် လုပ်ရမှာပေါ့။

[မစ်ရှင်းနှစ်ကို ရွေးချယ်လိုက်ပါပြီ။ အသက်မွေး၀မ်းကြောင်း လုပ်ငန်းကို စတင်ပါတော့မလား]

လုကျိုး မစ်ရှင်းနှစ်ကို ရွေးပြီးသည့်နောက် အသံကချက်ချင်းပင် တက်လာတော့သည်။

[ဂုဏ်ပြုပါတယ် အသုံးပြုသူ]

[မစ်ရှင်နဲ့ သက်ဆိုင်တဲ့ အကြောင်းပြချက် အေသးစိတ္ကေတာ့ အောက်ပါအတိုင်းပါပဲ။အားလုံးပေါင်း ယွမ်ငါးသန်း ရအောင် ရှာနိုင်ခဲ့ပါတယ်။ မစ်ရှင်ရဲ့အဆင့်သတ်မှတ်ချက်ကတော့ ..ဘီပါ]

[မစ်ရှင်ရဲ့ဆုလဒ်.. အတွေ့အကြုံအမှတ် ငါးထောင် ဘာသာရပ် အလိုက်၊ အေထြေထြ အမှတ်ငါးရာ ၊တစ်ခါမဲနှိုက်ခွင့် လက်မှတ် တစ်စောင် (ကိုးဆယ်ရာခိုင်နှုန်း အမှိုက် တစ်ဆယ် ရာခိုင်နှုန်း နမူနာပုံစံ)]

လုကျိုးက မစ်ရှင်း ပြီးပြည့်စုံကြောင်း အသံတက်လာတာကိုမြင်တော့ သက်ပြင်း ချလိုက်သည်။ သူ ခန့်မှန်းတာက မှန်နေတာပဲ။ စနစ္က ဖော်ပြထားတဲ့ ရင်းနှီးမြုပ်နှံမှုတွေဆိုတာက သူ့ရဲ့ဘဏ်အကောင့်ထဲမှာ ရှိတာကိုပြောတာမဟုတ်ဘဲ ကုမ္ပဏီ အကောင့်ထဲမှာရှိတာကို ဆိုလိုခြင်းဖြစ်သည်။

ကျုံးရှန်း ရုပ်၀တၳု ကုမ္ပဏီက ရင်းနှီးငွေ ငါးသန်း မြုပ်နှံလိုက်တဲ့အခါ လုကျိုးရဲ့အကောင့်ထဲကို မရောက်သေးပေမဲ့ တစ္ဖက္သူက စာချုပ်မှာ လက်မှတ်ထိုးပြီးဖြစ်လို့ ဒါက အကျုံး၀င်သွားခြင်း ဖြစ်သည်။ ဒါကြောင့် ဒီမစ်ရှင်ကလည်း အကျုံး၀င်သွားပြီ ဖြစ်၏။

ဖက္တီးဝူက ငါးရာခိုင်နှုန်း အမြတ်ရမှာဖြစ်ပေမဲ့ သူ့ ထံကို မလွှဲပြောင်းရသေးပေ။ ထို့ကြောင့် လုကျိုးဆီတွင် ရှစ်ဆယ်ရာခိုင်နှုန်း အပြည့် ရှိနေသေး၏။ ကျောင်းတွင်းလက်ထောက်က ရင်းနှီးမြုပ်နှံငွေ ငါးသန်းရခဲ့သည်မို့ လုကျိုးက လေးသန်းရတယ်လို့ ဆိုလိုပေသည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now