အခန်း45

683 107 3
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၄၅ သေလုအောင် ကြောက်လန့်သွားခြင်း

ကားက ရပ်တန့်သွားပြီဖြစ်သည်။ လုကျိုး ဒါကို မမျှော်လင့်ထားခဲ့ပေ။ အမျိုးသမီးယန်က သူတို့ကို ပုံမှန်မဟုတ်တဲ့ နေရာတစ်ခုကို ခေါ်သွားခဲ့မယ်လို့ ထင်ထားခဲ့ပေမယ့် တကယ့်တကယ်တမ်း သူတို့ရောက်သွားတဲ့နေရာကတော့ မြို့ပြင်မှာရှိတဲ့ သေးငယ်လှတဲ့ လမ်းသေးသေးတစ်ခုထဲကိုဖြစ်သည်။

စကျင်ကျောက်လမ်းက ဝင်ပေါက်တွေကို အလှဆင်ထားခဲ့ကာ အထဲကေတာ့ ထူးဆန်းတဲ့ လမ်းတစ်ခုကို ဦးတည်နေခဲ့သည်။ နောက်ပြီး သေးငယ်လှတဲ့ ဆိုင်လေးတွေကလည်း ဘေးတွင်ပြည့်နှက်နေခဲ့ကာ ထီးထီးမားမားဖြစ်နေပြန်၏။

လူချမ်းသာတွေက ဒီလိုပုံစံကို ကြိုက်တာလား။

လုကျိုး နားမလည်တော့ပါချေ။ သူတို့ကားပေါ်က ဆင်းလိုက်ပြီးနောက်  အမျိုးသမီးယန်က ရှေ့မှလမ်းလျှောက်နေလေရင်း သူတို့အဖွဲ့ကတော့ နောက်မှလိုက်သည်။ တဖြည်းဖြည်းနဲ့စားသောက်ဆိုင်တစ်ခုဆီသို့ ဦးတည်လိုက်လေ၏။ စားသောက်ဆိုင်က ဝင်ပေါက်နဲ့ ခြားနားစွာ အလှဆင်ထားသည်။ အခြားကမ်ဘာတစ်ခုကိုပင်ရောက်သွားသလိုခံစားလိုက်ရ၏။

ရေတွေက စကျင်ကျောက်ရုပ်ထုတွေပေါ်မှ ကျဆင်းနေခဲ့ကာ အမျိုးမျိုးသော အပင်တို့ကလည်း စတိုင်ကျကျပြင်ထားသည်။
ဒီစားသောက်ဆိုင်ပုံစံက တရုတ်ပြည်နဲ့ အနောက်ပိုင်းကြားက အလွအပကို နှစ်မျိုးလုံး အာရုံခံမိအောင် ပြင်ဆင်ထားတယ်လို့ သူထင်မြင်မိပေသည်။ အနောက်တိုင်းစားသောက်ဆိုင်တွေက ယနေ့ခေတ်အခါတွင် မည်သည့်နေရာမှာမဆို တွေ့နိုင်နေမည်ဖြစ်ကာ လုကျိုးအနေနဲ့ ဒီဆိုင်ရဲ့ပိုင်ရှင်က တကယ္ကို ချမ်းသာမယ်လို့ သူတွေးမိလေသည်။

လူလေးယောက်

ဒီလမ်းပါ လိုက်ခဲ့ပေးပါခင်ဗျာ
စားပြဲထိုးက အရမ်းကို ရိုကျိုးနေတဲ့ပုံစံလေးနဲ့ လူကြီးလူကောင်းဆန်ဆန်ပြုမူသည်။ သူက သူတို့အဖွဲ့ကို ရှေ့မှ လမ်းပြကာ ဒုတိယထပ်သို့ ခေါ်သွားခဲ့သည်။ ဟန်မန်ချီက သူမအမေနဲ့ ထိုင်ဖို့ကို ငြင်းဆိုသည်။ ဒါကြောင့် သူမက လုကျိုးဘေးတွင်ထိုင်၏။ ကားပေါ်မှာတုန်းကလိုပဲ ချန်းယွီရှန်းက သူမအဒေါ်နဲ့ထိုင်လေသည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now