အခန်း48

677 93 2
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၄၈(စာတမ်းရေးရင်း ကံကောင်းမှုတစ်ခုကို ရှာမယ်)

လုကျိုးက တစ်နေ့လုံးအလုပ်လုပ်နေခဲ့သည်။ သူ့ရဲ့ယူအက်ဘီထဲသို့ ပရိုဂရမ္ကို ထည့်သွင်းကူးယူပြီးသည့်နောက်မှာတော့ သူကွန်ပြူတာပိတ်လိုက်တဲ့အချိန်က ဆယ္နာရီ ထိုးနေခဲ့ပြီဖြစ်သည်။

သူက ပိုင်သွန်ကို မနေ့ညက တစ်ညလုံးလေ့လာခဲ့ပေမယ့် သိပ်အများကြီး မဖမ်းဆုပ်လိုက်နိုင်ပေ။ သူနောက်ထပ်တစ်ညလုံ ထပ်အလုပ်လုပ်ဖို့ မဖြစ်နိုင်တော့ပေ။ သူအသက်ရှည်ရှည်နေချင်သေးပေ၏။

သူ့ရဲ့မူလအစီအစဉ်အတိုင်းဆိုရင် သူက စီပလပ်ပလပ်ဘာသာရဲ့အဆင့်မြင့်ဗဟုသုတတွေကို စတင်လေ့လာဖို့ ကြိုတွေးထားတာဖြစ်ကာ စနစ္က ချပေးထားတဲ့ စာအုပ်စာရင်းဇယားတွေ ပေးထားပါသည်။ သို့ပေမယ့် သူ့ရဲ့ဒီအစီအစဉ်အတိုင်းလုပ်ဖို့ကတော့ အနည်းငယ်ခက်ခဲမှုတွေရှိနေပေ၏။

ဥပမာအနေနဲ့ သူက ပိုင်သွန်အဆင့်မြင့်စာအုပ်နှစ်အုပ်ထပ်ဖတ်ဖို့ လိုနေသေးသလို သူ့ရဲ့တာဝန်ကို လုပ်ဆောင်ဖို့ကိုလည်း သူက မကြန့်ကြာချင်ပါပေ။

ဒီစာအုပ်စာရင်းကို တကယ်လုပ်ဖြစ်ပါ့မလားတောင် မေသခ်ာဘူး

လုကျိုးက အကြမ်းစာရွက်ကို ကြည့်လိုက်လေရင်း နောက်ပြီး ဝမ်ရှောင်တုံး သူ့ကိုပေးထားတဲ့စာအုပ်စာရင်းကို တစ်ချက်ကြည့်လိုက်ကာ သက်ပြင်းချလိုက်သည်။ သူ့ရဲ့နှလုံးသားထဲတွင်တော့ ကောင်းမွန်တဲ့လူတွေဆီကို ငြိမ်းချမ်းမှုတွေလာဖို့မျှော်လင့်ပါတယ် လို့တွေးနေလေ၏။

နွေရာသီအားလပ်ရက်က လျင်မြန်စွာဖြင့် ကုန်ဆုံးနေခဲ့သည်။ သိပ်မကြာခင်အချိန်မှာပင် သြဂုတ်လလယ်သို့ရောက်တော့မည်ဖြစ်သည်။

ဒီစနစ္က သူ့ကိုများ ကစားနေသလား....လုကျိုး မတွေးတတ်တော့ပေ။

သူ့အနေနဲ့စာတွေလေ့လာရင်း အမှတ်တွေရှာဖွေရတဲ့နေရာမှာ ဘိန်းစွဲသလိုစွဲလာခဲ့တယ်လို့ပင် ခံစားနေရပေသည်။ လုကျိုး သူကံကောင်းတယ်လို့ တွေးနေပေမယ့် တစ်ချိန်တည်းမှာပင် စိတ်ပျက်မိရသည်။ အခုလိုမျိုး လေ့လာသင်ကြားရတဲ့ ဖြစ်စဉ်ကတော်တော်လေးကို ပျင်းရိဖို့ကောင်းတာတော့ သူသဘောတူလက်ခံပေသည်။ သို့ပေမယ့် ဗဟုသုအများကြီး လက်ခံရရှိတာကတော့ ခံယူချင်စရာကောင်းပေ၏။ ဒီလိုစကားစုက ထူးခြားတယ်ထင်ရပေမယ့်လည်း တကယ်တော့ ထိုသို့ဖြစ်နေသည်ပေ။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now