အခန်း15

946 127 2
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်
ဘာသာပြန်သူ...Knowledge
အပိုင်း ၁၅(အထွေထွေအမှတ်တွေကို ရရှိနိုင်မယ့်နည်းလမ်း)

ဖက်တီးဝူပြောပြထားတဲ့ အကြောင်းအရာတွေက မှန်ကန်ပေသည်။ ပါကင်တွေထုပ်ပိုးပြီး မျိုးတူရာ ပစ္စည်းတွေ စုစည်းရတာက ဘောလုံးကန်ရသလိုမျိုး လွယ်ကူပေသည်။ သူတို့တွေအားလုံးက ထိုပါဆယ် အထုပ်တွေအားလုံးကို ခြေဖျားနားမှာ ထားလေရင်း ပြင်းပြင်းထန်ထန်ကန်လိုက်ဖို့သာ လိုအပ်သည်။

ထိုပါကင်အထုပ်တွေက ဆယ်မီတာလောက်အထိ လွင့်ထွက်သွား၏။ ဘယ္သူကမွ ရောင်းမယ့်သူတွေရော ဝယ်မယ့်သူတွေအတွက်ရော ဂရုမစိုက်ကြပေ။ ဒီပါကင်ထုပ်တွေ ရောက်သွားဖို့ကလွဲပြီး ကျန်တာတွေက သိပ်အရေးမပါ ပါချေ။ အလုပ်သမားတွေကလည်း ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဂရုစိုက်ခြင်းမျိုး မရှိကြပေ။

ပုံမှန်အလုပ်သမားတွေက ပါကင်ထုပ်ပိုးတဲ့ ပစ္စည်းတွေနဲ့ပတ်သက်ပြီး အခုလောက်ထိတော့ ကြမ်းကြမ်းတမ်းတမ်းလုပ်ဆောင်ခြင်းမရှိကြ။

အလိုအလျှောက်ရွှေ့ပြောင်းသယ်ဆောင်တဲ့ စက္က စတင်လှုပ်ရှားတာနဲ့ ထိုပါကင်တွေကို ဂရုတစိုက် သေသေချာချာကိုင်တွယ်နေဖို့ အချိန်မရကြပေ။ မြန်မြန်သာ လုပ်ဆောင်ရသည်ဖြစ်ကာ ထိုအရာက ဈေးကြီး ကြီး ဈေးနည်းနည်း ကိစ္စမရှိတော့ပါပေ။ အကယ်၍ သေတ္တာတစ်လုံးက ကျိုးပဲ့ပျက်စီးသွားမယ်ဆိုပါက ပြင်ဆင်တဲ့အဖွဲ့က လူတွေက ပြန်လည်စုဆောင်းကာ သေချာ ထုပ်ပိုးတိတ်နဲ့ကပ်ပြီး အခု အလိုအလျှောက်သယ်ဆောင်တဲ့ စက်ထဲကို ပြန်ထည့်ပေးမှာပဲဖြစ်သည်။

ဒီပါကင်သာ ပျက်စီးသွားမယ်ဆိုရင် အထဲမွာ ဝိုင် ဒါမှမဟုတ် တစ်ခုခုရှိနေလောက်တယ် ငါအရက်နံ့ရတယ်

အဲ့ဒါတွေ တွေးမနေပါနဲ့ကွာ ပို့ဆောင်ရမယ့် ပစ္စည်းက စိုမနေရင် ပြီးတာပါပဲ

အဲ့ဒါကို ဒီအလိုအလျှောက်ပို့ဆောင်တဲ့ စက်ထဲကို ထည့်လိုက် မှတ်ထားနော် ပို့ဆောင်ရမယ့် လိပ်စာပါတဲ့ဘက်ခြမ်းကို မျက်နှာမူထားလိုက်အုံး

အလုပ်သမားအဖွဲ့တွေအားလုံးက ဒီဇိုင်းပြင်ဆင်တဲ့နေရာတွင် အလုပ်လုပ်ကြပေသည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now