အခန်း55

654 91 2
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

အပိုင်း ၅၅ စနစ်ရဲ့အရင်းအမြစ်တွေကို အဓိပ္ပာယ်မရှိတဲ့ မေးခွန်းတွေအပေါ်  အသုံးမပြုပါနဲ့

[တာ၀န္ကို ပြီးပြည့်စုံအောင် လုပ်ဆောင်ဖို့ အသေးစိတ်အချက်အလက်တွေကတော့ အောက်ပါအတိုင်းဖြစ်သည်။

တာ၀န်ရဲ့ပြီးပြည့်စုံစွာ အောင်မြင်ပြီးစီးမှု (၃၀/၃၀)

တာ၀န်ရဲ့နောက်ဆုံးဖြစ်နိုင်တန်စွမ်း..မရွိ (ဆုလဒ်တာ၀န်တွင် ဖြစ်တန်စွမ်းမရှိပါ)]

[ဆုလဒ်တာ၀န် : မင်းရွေးချယ်တဲ့ ဘာသာရပ်ပေါ်မူတည်ပြီး အတွေ့အကြုံအမှတ် နှစ်ထောင်ရရှိမည်။ (ဆုလာဘ် နှစ်ဆ)

နည်းပညာ အကိုင်းအခတ်ကို ဖွင့်လှစ်နိုင်မည်။

တုပထားသော ဉာဏ်ရည်အဆင့် : သုည]

အိုး အတွေ့အကြုံအမှတ် နှစ်ထောင်တောင်လား။

လုကျိုး ဒါကိုလည်းမြင်ရော ချက်ချင်းပင် ပင့်သက်ရှိုက်မိသွားတော့သည်။ တုန့်ဆိုင်းမနေတော့ဘဲ သူအင်ဂျင်နီယာပညာကို အတွေ့အကြုံအမှတ်တစ်ထောင်ရဖို့အတွက် ရွေးချယ်လိုက်တော့သည်။

အချက်အလက်သိပ္ပံနဲ့ သချၤာနှစ်ခုလုံးတွင် တစ်သောင်းရတော့မှ သူအဆင့်တက်နိုင်မှာဖြစ်သည်။ ထို့ကြောင့် ဒီဘာသာရပ်နှစ်ခုအပေါ် အတွေ့အကြုံအမှတ်တွေ နည်းနည်းပါးပါးထပ်ရဖို့တာကလည်း အသုံးမ၀င်နိုင်သေးပေ။ အျခားအဓိက ဘာသာရပ်တွေထဲတွင် အင်ဂျင်နီယာဘာသာက လူသုံးအများဆုံးဖြစ်၏။

ဆော့ဝဲလ်အင်ဂျင်နီယာမှ ဆေဗယ်အင်ဂျင်နီယာသို့၊ နာနိုချိမှနိုင်ငံပိုင်းဆိုင်ရာပရောဂျက်သို့ စတဲ့ အရာတွေအားလုံးက အင်ဂျင်နီယာပိုင်းပညာတွေ ပါ၀င်ပတ်သတ်နေတဲ့ လုပ်နိုင်စွမ်းတွေဖြစ်ကြသည်။

ဘာသာရပ်အပေါ်မူတည်ပြီး အခြားသောသီအိုရီတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တောင်မှ အခြားဘာသာရပ်တွေမှ သီအိုရီတွေအားလုံးက အင်ဂျင်နီယာပညာအပေါ်မူတည်နေရမည်ဖြစ်သည်။ ဒါကလက်တွေ့အကျဆုံး ပညာရပ္လို့လဲ ဆိုနိုင်ပေသည်။

သင်္ချာစွမ်းရည်ပြိုင်ပွဲက စတင်တော့မည်ဖြစ်လေရာ သူကအင်ဂျင်နီယာအဆင့်ကို တိုးတက်အောင်ရွေးချယ်တာက သံသယရှိစရာမလိုလောက်အောင်ကို  အကောင်းဆုံး ရွေးချယ်မှုဖြစ်လေသည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now