အံ့ဖွယ်စနစ်ပိုင်ရှင်
ဘာသာပြန်သူ-Sun Flower
အပိုင်း ၁၂၅ ငါ အိပ်ပဲ အိပ်ချင်တယ်
အံ့သြစရာပဲ။ မှင်သက်စရာ ကောင်းလိုက်တာ။ မယုံနိုင်စရာပဲ။
ကြည့်ရှု့နေတဲ့ ဧည့်ပရိတ်သတ်တိုင်း မှင်သက်ကာ ကျက်သေသေ နေကြလေသည်။ လက္ခ်ာ ဟောခန်းမကြီး တစ္ခုလုံးက သေဆုံးသွားသည့်အလား တိတ်ဆိတ် ငြိမ်သက်သွားတော့သည်။
လူအိုကြီးတစ်ယောက်က တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။ သူက မတ္တပ္ထရပ္ကာ စတင် လက်ခုပ်တီးသည်။ ကလပ် ကလပ် ကလပ်။
ထိုသို့ဖြင့် ကျယ်သထက် က်ယ္လာတဲ့ လက်ခုပ်သံတွေနဲ့အတူ ကောင်းကင်မှ မိုးကြိုးပစ်လိုက်သလိုမျိုး ပြင်းထန်တဲ့ အသံက ခန်းမတစ်ခုလုံး ပဲ့တင်ထပ်နေတော့သည်။
ကလပ် ကလပ် ကလပ်။ လက်ခုပ်သံတွေက ရပ်တော့မည့် အရိပ်အယောင်မရှိဘဲ အချို့ကျောင်းသူကျောင်းသားတွေက မတ်တပ်ပင် ထကာ အော်ဟစ်ကာ လေချွန်နေကြတော့၏။
ထိုအခိုက် သူတို့အားလုံးက ကြီးကျယ်ခမ်းနားတဲ့မြင်ကွင်းကို တိုက်ရိုက်မျက်မြင် ကြုံတွေ့လိုက် ရ၏။ သင်္ချာခန်းမထဲက မေးခွန်းသငေ်္ကတတွေက ဖြေရှင်းပြီးသား ဖြစ်သွားလေပြီ။
တစ်ချိန်တည်းတွင်ပင် ပါရမီရှင် တစ်ယောက်က ထပ္မံ မြင့်တက်လာခဲ့ပြန်၏။ ဟောခန်းမတစ်ခုလုံးက ချီးကျူးမှုတွေနဲ့ ပြည့်နှက်နေတော့၏။ ထိုချီးကျူးမှုတွေ အားလုံးက ဟောခန်းမ အပြင်ဘက်သို့တိုင်အောင် လွင့်ထွက်နေခဲ့သည်။
စင်မြင့်နားတွင် ရပ်နေခဲ့သည့် ဝန်ထမ်းကောင်လေးက ဝိုက်ဘုတ်ပေါ်က သက်သေပြသွားတဲ့ ဖြစ်စဉ်ကို လုံးဝ နားမလည်ပေ။ သို့သော် သူသည်လည်း လက်ခုပ်တီးနေခဲ့သည်။ သူ့ဘေးနားက အဖော်ဝန်ထမ်းက သူ့လက်မောင်းကို လာရိုက္ကာ ပြော၏။
မင်းသာ သူ လုပ်နေတာကို နှောက်ယှက်လိုက်မိခဲ့မယ်ဆိုရင်တော့ မင်းရဲ့နာမည်ကတော့ သင်္ချာသမိုင်းထဲမှာ မှတ်တမ်းဝင်သွားတော့မှာပဲ
ဘာနာမည်လဲ
သင်္ချာအဖွဲ့အစည်း နယ္ပယ္တစ္ခုလုံးကို နှောက်ယှက်လိုက်တဲ့သူ သင်္ချာပညာရှင် တစ်ယောက်ကို ကိုယ်တိုင်လက်နှစ်ဖက်နဲ့ သတ်ပစ်လိုက်တဲ့ လူဆိုပြီးတော့လေ
YOU ARE READING
အံဖွယ်စနစ်ပိုင်ရှင် ပထမတွဲ
Science Fictionလုကျိုးဟာ မမျှော်လင့်ဘဲ စနစ်တခုကိုပိုငဆိုင်ကာ လူတွေအလည်မှာ ထင်ပေါ်ကျော်ကြားလာခဲ့တယ်