အခန်း183

114 13 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၈၃ရွှေမိုင်း

ပေကျင်းရှိ ရှုမူတက္ကသိုလ် အနီးနားရှိ အဆောက်အဦးတစ်ခုတွင်…။
လူအိုကြီးတစ်ယောက်သည် လက်ထဲတွင် အင်္ဂလိပ်မဂ္ဂဇင်းတစ်ခုအား ထိုင်ဖတ်ရင်း ဆိုဖာပေါ်ထိုင်နေသည်။ ရုတ်တရက် သူက ပြုံးလိုက်ကာ မဂ္ဂဇင်းအား ချထားလိုက်၏။ သူက ပြောသည်။

“ဒီကလေးက တကယ့် ပါရမီရှင်ပဲ”
ထိုလူအိုကြီးသည် သချာင်္လောက၏ နတ်ဘုရားချုံးချန်းတုန် ဖြစ်သည် ။

သူ့လက်ထဲရှိမဂ္ဂဇင်းသည် သဘာ၀အပတ်စဉ် ဂျာနယ်ဖြစ်ကာ ရေးသားထားသူမှာ ဘရေ့ဒစ်သတင်းထောက်အမျိုးသမီး ဘလငါတာ ဖြစ်သည်။ သူမကိုယ်တိုင် လုကျိုးအား အင်တာဗျူးခဲ့၏။ ထိုအင်တာဗျူးထဲတွင် ကျင်းလင်တက္ကသိုလ်၏ မာစတာကျောင်းသားသည် LHCb တရုတ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ သုတေသနပညာရှင်ဖြစ်သွားကြောင်း ထည့်သွင်းပြောကြားခဲ့သေးသည်။

LHCb တရုတ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ အကယ်ဒမီ အဆင့်မြင့် ပညာရှင်တွေသည်လည်း ထိုအလုပ်သင်ကို ချီးကြူးခဲ့ကြသဖြင့် လုကျိုးကြောင့် တရုတ်၏ ကျော်ကြားမှုသည် မြင့်တက်လာရသည်ဟု ဆိုကြသည်။ ထိုလူငယ် ကျောင်းသားကြောင့် တရုတ်သည်များစွာသော အောင်မြင်မှုတို့ ရရှိနိုင်မည်ဟု အားလုံးက ထင်ကြေးပေးနေကြသည်။

“ဟုတ်တယ်”
ပရော်ဖက်ဆာချုံး၏ မျက်နှာချင်းဆိုင်တွင်ထိုင်နေခဲ့သည့်လူအိုကြီးက ခေါင်းငြိမ့်သည်။ ထိုသူကတော့ ၀မ်ရွှီပင်း းဖြစ်သည်။ ပရင်ဆယ်တွန်တွင် လုကျိုးအား ကူညီခဲ့ဖူး၏။ ပရော်ဖက်ဆာချုံးသည် ယန်တက္ကသိုလ်နှင့် ဆက်ဆံရေး နည်းပါးသော်လည်း သူတို့သည် တစ်ကျောင်းထဲမှတက်ခဲ့သည့် သူငယ်ချင်းကောင်းတွေဖြစ်ခဲ့ကြသည်။ ပရော်ဖက်ဆာ၀မ်ယွီပင်းသည်လည်း ထိုထဲမှ တစ်ယောက် ဖြစ်သည်။ ပရော်ဖက်ဆာ၀မ်သည် တစ်စက္ကန့်လောက် ရပ်တန့်ပြီးမှပြောလာ၏။ သူက သက်ပြင်းချသည်။

“ပရင်ဆယ်တွန် ဆွေးနွေးပွဲမှာတုန်းက အဲ့ဒီကလေးက သချာင်္မှာ ပါရမီရှိတယ်လို့ ငါ ထင်ခဲ့တယ်။ ဒါပေမဲ့ သူက အမှုန်ရူပဗေဒမှာလဲ ပါရမီရှိနေဦးမယ်လို့ မထင်ခဲ့မိဘူး။ ငါလူငယ် ပါရမီရှင်တွေ အများကြီးတွေ့ဖူးပါတယ်။ ဒါပေမဲ့ တစ်ယောက်မှ သူနဲ့မတူဘူး”
ပရော်ဖက်ဆာ ချုံးချန်းတုန်းကလည်း ပြောသည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now