အခန်း185

104 12 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၈၅

လုကျိုးသည် စားပွဲပေါ်တွင် အိပ်ငိုက်နေခဲ့၏။ သူနိုးလာသည့်အချိန်တွင် မျက်လုံးတွေ ပွတ်သတ်လိုက်သည်။ တောင့်တင်းနေသည့် လက်မောင်းတွေကိုအကြောဆန့်ကာ ထရပ်လိုက်၏။ ထို့နောက် ခပ်မြန်မြန်ပင် ဒီဂျစ်တယ် မိုက်ခရိုစကုတ်ကို စစ်ဆေးလိုက်လေတော့သည်။

မီးခိုးငွေ့တွေလည်း မရှိသလို ပေါက်ကွဲထားသည့် လက္ခဏာတွေလည်း မတွေ့ရပေ။ လုကျိုး ၀မ်းသာသွားကာ နမူနာပုံစံကို ကြည့်လိုက်တော့သည်။ သူကွန်ပျူတာကို ထိုင်ကြည့်လိုက်သည်။ ပုံတွေကို တစ်ခုပြီးတစ်ခု နှိပ်ကြည့်နေလိုက်၏။

‘ပြီးသွားပြီ’
လုကျိုး၏ တင်းကြပ်နေခဲ့သည့် ရင်သည် ယခုမှသာပေါ့သွားရလေတော့သည်။ သူ ကျယ်လောင်စွာအော်ဟစ်လိုက်မိ၏။ မနေ့ကနှင့်ယှဉ်ရင် ရလဒ်သည်လုကျိုးအား မင်သက်စေသည်။

PDMS ရုပ်၀တ္ထုနှင့် ကာဗွန်နာနို စဗီယာသည် မူလအတိုင်းရှိနေမည်ဟု သူ တွေးခဲ့သော်လည်း လက်ရှိအချိန်တွင်တော့ လက်တီယန် ဒန့်ဒရိုက် ပြသနာအဖြစ်ပြောင်းလဲကာ ဖြေရှင်းနိုင်သွားတော့မည်ဖြစ်သည်။ သူ PDMS ရုပ်၀တ္ထုတစ်ခုထဲနှင့်တင် ရလဒ်က အံ့သြစရာကောင်းနေခဲ့ပြီ ဖြစ်၏။

သည်ရှာဖွေတွေ့ရှိမှုသည် အဆင့်မြင့် မြို့ပြလူတို့အတွက် လက်မခံနိုင်သည့် ဖြစ်ရပ် ဖြစ်နေလျှင်တောင်မှ မြေကမ္ဘာသည်တော့ဖြင့် လက်ခံနိုင်စွမ်းရှိသည်။ ထိုဘက်ထရီသည် လုံခြုံနေသမျှကာလပတ်လုံး မည်သည့် ကုမ္ပဏီကမဆို သည်နည်းပညာတွေကို မြုပ်နှံလာကြမည် ဖြစ်သည်။

တစ်စုံတစ်ယောက်သည် ဝေးကွာတဲ့နေရာသို့ ဆက်သွယ်နိုင်ရန်အတွက် ဖုန်းကို အသုံးပြုကြတော့မည်ဖြစ်သည်။ များစွာသော စက်ရုံတို့သည်လည်း အလားတူပင် ဘက်ထရီကို အသုံးပြုကာ သူတို့၏ လုပ်ငန်းတွေအား လျှင်မြန်လာစေမည်ဖြစ်၏။

ဘက်ထရီ၏ဘ၀သည် ဘက်ထရီ ချိစ်ပြားပေါ်တွင် မူတည်သည်။ ထိုဘက်ထရီချိစ်ပြား၏ ဒီဇိုင်းဆွဲထားပုံက အဓိက ဖြစ်ပေ၏။ လုကျိုးသည် ထိုအပိုင်းအားဖြေရှင်းနိုင်သွားသည်။ ထို့ကြောင့် သူ ရှာဖွေတွေ့ရှိလိုက်သည့် သုတေသနရလဒ်သည် မည်သည့်အဓိပ္ပာယ်အား ဆိုလိုကြောင်း လုကျိုး သိသည်။ သူသက်ပြင်း အရှည်ကြီးချလိုက်ကာ မျက်လုံးမှိတ်လိုက်သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now