အခန်း188

103 12 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၈၈ အဆောင် ၂၀၁

ကျောင်းက တဖန်ပြန်စတော့မည် ဖြစ်သဖြင့် အဆောင် ၂၀၁သည်လည်း စိုပြေလာခဲ့သည်။ လျှို့လွေ့က အစောဆုံး ရောက်လာသည်။ သူက တစ်ချိန်လုံး ကြိုးစားနေခဲ့ကာ အဆင်မြင့် အယ်ဂျီဘရာကို ပြန်ရောက်သည်နှင့် လေ့လာသည်။သူသည် လုကျိုးအား လိုက်မမှီနိုင်ကြောင်း သိသော်လည်း သူက လက်တွေ့ဆန်သည့် ပန်းတိုင်ကို ထားတတ်လာသည်။ ဥပမာ ဘွဲ့၀င်ခွင့် စာမေးပွဲဖြစ်သည်။

လူအများစုသည် စတုတ္ထနှစ်တွင်သာ ဘွဲ့၀င်ခွင့် စာမေးပွဲဖြေရသည်။ သူသည် တတိယနှစ် ရောက်နေပြီဖြစ်၏။

အဆောင်ခေါင်းဆောင်သည် ဒုတိယ ပြန်ရောက်လာသူ ဖြစ်သည်။ ရှီရှန်း အထဲ၀င်လာသည်နှင့် လုကျိုးကို မြင်လ ိုက်ရသည်။ သူက ခရီးဆောင်အိတ်ကို ပစ်ချကာ စိတ်လှုပ်ရှားစွာ အော်၏။

“ ကျိုး ငါတို့ တစ်နွေလုံး မတွေ့ခဲ့ကြဘူး။ မင်း ဘာတွေ ထပ်လုပ်ထားပြန်ပြီလဲ”

လုကျိုးက ပိုလီကော့ ကွန်ဂျက်တာကို လေ့လာနေခြင်းဖြစ်သည်။ သူက ရှီရှန်းကို နားမလည်သလို ကြည့်၏။
“ ငါက ဘာလုပ်လ ို့လဲ”

သူ မည်သည့်အရာမျှ မလုပ်ထားခဲ့သေးပေ။ တဖက်သူက မည်သည့်အတွက်ကြောင့် ယခုလို ပြောလာမှန်း သူ မသိပေ။
ရှီရှန်းသည် သူ၏ စားပွဲတွင် ၀င်ထိုင်သည်။ သူက ပြော၏။

“ ရိုးသားချင်ယောင် ဆောင်မနေစမ်းပါနဲ့။ ငါ မင်းကို သဘာ၀ အပတ်စဉ် ဂျာနယ်မှာ တွေ့လိုက်တယ်။ “

ထိုသည်က သတင်းဟောင်းသာ ဖြစ်သည်။ လုကျိုးက ၇ီရှန်းကို ကြည့်ကာ ဆွံ့အသွား၏။
“ မင်းက သဘာ၀ အပတ်စဉ် ဂျာနယ်တွေတောင် ဖတ်တယ်လား”

“ မဖတ်ပါဘူး ဝေ့ပေါ်မှာ တွေ့လိုက်တာပါ”
ထို့နောက် ရှီရှန်းက ဆက်ပြောသည်။

“ ဒါနဲ့ မင်းက နိုဗယ်ဆုရဖို့ အလားအလာရှိတယ်ပေါ့ ဟုတ်လား”

နိုဗယ်ဆုဟု ကြားသည့်အခါ လျှို့လွေ့တောင်မှ ခေါင်းထောင်လာသည်။ သူက ဝေ့ပေါ်သုံးကာ အချိန်မဖြုန်းတတ်ပေ။ ထို့ကြောင့် ယခုမှသာ လုကျိုးသည် ထိုဂျာနယ်တွင် ပါကြောင်း သိရခြင်းဖြစ်သည်။လုကျိုးကဲ့သို့သော သင်္ချာပညာရှင်သည် နိုဗယ်ဆု မည်သို့ရမည်ဖြစ်ကြောင်း သူ မသိချေ။ လုကျိုးက ရှီရှန်း၏ အမေးအား ကြားသည့်အခါ သူက ပြုံးကာ ဆက်မေးသည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now