အခန်း 2

3K 223 1
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်
ဘာသာပြန်သူ ...knowledge

အပိုင်း ၂ ပါရမီရှင်ကျောင်းသားတစ်ယောက်ရဲ့နေ့စဉ်ဘ၀ကိုရှင်းပြဖို့မလိုဘူး

လုကျိုးထတော့
သူ့ရဲ့ပုခုံးတွေကိုပြင်းထန်စွာကိုင်လှုပ်မှုနှင့်အတူ လုကျိုးမျက်၀န်းတို့အား ဖြည်းညင်းစွာဖွင့်လိုက်သည့်အခါ တဟိုင်ရဲ့၀တုတ်မျက်နှာကိုမြင်ရသည်။

သေစမ်း မင်းနောက်ဆုံးတော့နိုးလာပြီပေါ့
ဝူတဟိုင်က လုကျိုးရဲ့ပုခုံးတွေကိုလွှတ်ပေးလိုက်ပြီးသည့်နောက် သက်ပြင်းရှည်ကြီးကိုချသည်။ သူကလည်း တောင်းပန်သလိုရယ်ပြလာ၏။

မင်းစိတ်မရှိဖို့မျှော်လင့်တယ်။ ငါမင်းအနားယူနေတာကိုနှောင့်ယှက်ဖို့မမျှော်လင့်ပါဘူး။ မင်းဟောက်တောင်ဟောက်နေတာကို ငါတွေ့လိုက်သေးတယ်။ ကြည့်ရတာတော့ မင်းအဆင်ပြေသွားမယ်လို့ငါခန့်မှန်းမိလို့ပဲ

လုကျိုးက ပတ်၀န်းကျင်တွင်ရှိသည့်ဖြူဖွေးနေသည့်နံရံတွေနဲ့သူ့ရဲ့အိပ်ရာခင်းအနေအထားကိုကြည့်လိုက်ကာ ဆေးရုံသို့ရောက်နေကြောင်းသိလိုက်သည်။ သူမေးလိုက်၏။

ကျွန်တော်ဘယ်ရောက်နေတာလဲ

မင်းမမှတ်မိတော့ဘူးလား။ မင်းတယ်လီဖုန်းစီးပွားရေးခန်းမရှေ့မှာ ရပ်နေတာကြာလို့ အပူရှပ်သွားတာလေ
ဝူတဟိုင်က ကုလားထိုင်ပေါ်ပြန်မှီထိုင်ချလိုက်သည်။ သူကသက်ပြင်းချရင်း တောင့်တင်းနေတယ်ထင်ရတဲ့ သူ့ရဲ့ပေါင်တွေကိုထုသည်။

အား ငါမင်းကိုသတိထားဖို့ပြောသားပဲ မင်းမှနားမထောင်တာ။ ငါတို့နှစ်ယောက်လုံးက အချိန်ပိုင်း အလုပ်လုပ်နေတာပဲလေ။ ငါတို့ကဆရာက်တဲ့ ကျွမ်းကျင်ပညာရှင်တွေမှမဟုတ်တာ။ ဘာလို့ဒီလောက်ထိ အလုပ်ကြိုးစားနေမှာလဲ။ မင်းကိုလည်းအခုကြည့်ဦး မင်းရဲ့ကျန်းမာရေးကိုသာသေချာဂရုစိုက်ရမှာမဟုတ်ဘူးလား။ မင်းကမင်းရဲ့ ကျန်းမာရေးကိုတောင်မှ ဆိုးရွားအောင်လုပ်မိတော့မလို့ အခုအဲ့ဒါတန္လို့လား

လုကျိုးနှစ်လိုစွာပြုံးလိုက်ရင်းမေးလိုက်သည်။
ဆရာ၀န်ကကျွန်တော့်ကျန်းမာရေးအတွက် ဘာများပြောသေးလဲ

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now