အခန်း192

105 13 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၉၂ လစဉ် သင်္ချာ

စျာဉ်၀င်စားနေသည့်အတွက် လုကျိုးသည် စာရေးခြင်းအား မရပ်တန့်တော့ချေ။ သူက စားရန်နှင့် အိပ်ရန်ပင် မေ့သွားလေတော့သည်။ လုကျိုး၏ ခေါင်းသည် ဖန်တီးနိုင်စွမ်းအားတို့နှင့် ပြည့်နှက်နေကာ သူက လျှင်မြန်စွာဖြင့် စာရွက်ပေါ် ရေးသားနေတော့သည်။

အချိန်တွေသည် နှေးကွေးစွာ ကုန်ဆုံးနေခဲ့သည်။ သည်တစ်ကြိမ်သည် ယခင်တစ်ခေါက်နှင့် မတူပေ။ ယခင်တစ်ကြိမ်တွင် သူက ဆေးသောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်သည် သူ၏ ကိုယ်ပိုင် စျာန်၀င်စားခြင်း ဖြစ်ပေ၏။

သည်တစ်ကြိမ်တွင် သူပင် နားမလည်သေးဘဲ သူ၏ လက်သည် စာရွက်ပေါ် အလိုလို ချရေးပြီးသားဖြစ်နေလေသည်။ရုတ်တရက် လုကျိုး ဗိုက်ကို ဖိကာ ထိုင်ခုံ နောက်မှီပေါ်  လှဲလိုက်သည်။ သူ ဖုန်းထုတ်ကြည့်လိုက်သည့်အခါ မင်သက်သွားရတော့သည်။

“ သေစမ်းကွာ ငါးနာရီတောင် ထိုးနေပြီ”

သူ ယခုအချိန်အထိ မနက်စာပင် မစားရသေးချေ။သူ တောင့် မခံနိုင်တော့ချေ။ ထို့ကြောင့် လူများသည့် ကန်တင်းသို့သွားကာ ညစာ စားလိုက်သည်။ ညစာ စားပြီးနောက် သူ အလုပ် ဆက်လုပ်၏။

ညနေ ခြောက်နာ၇ီထိုးသည့်အခါ ရှီရှန်းက အတန်းတွေပြီးကာ ပြန်လာသည်။ သူက လုကျိုးဟာ စားပွဲပေါ်တွင် ဟိုရေး သည်ရေး လျှောက်ရေးနေကြောင်း မြင်သွားသည်။
“ ကျိုး မင်းဘာတွေ လုပ်နေတာလဲ။ မာစတာ ကျောင်းသားတွေက အိမ်စာရေး၇တာပဲလား”

လုကျိုးသည် အရေးကြီးသော အချိန်တွင် ရှိနေသဖြင့် ခေါင်းပင် လှည့်မကြည့်နိုင်ချေ။သူက သည်အတိုင်းသာ ပြောလိုက်ရသည်။
“ စာတမ်း ရေးနေတာ”

ထိုအချိန်တွင် လျှို့လွေ့နှင့် ဟွမ်ကွမ်းမင်တို့သည် ညစာစားပြီးကာ ပြန်လာကြသည်။ လျှို့လွေ့က ကျောပိုးအိတ်ကို စားပွဲပေါ်တင်ကာ အိမ်စာ စာအုပ် ထုတ်နေသည့်အချိန်တွင် ဟွမ်ကွမ်းမင်က လုကျိုး  အနား ကပ်လာသည်။ လုကျိုး ရေးသားနေသည်တို့အား မြင်သည့်အခါ သူက အော်တော့သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲKde žijí příběhy. Začni objevovat