အခန်း109

441 55 1
                                    

အပိုင်း ၁၀၉ ပါရမီရှင် တစ်ယောက်က ဘွဲ့လက်မှတ်တွေ အများကြီး ပိုင်ဆိုင်နိုင်တယ်

လုကျိုးက စာကြည့်တိုက်တွင် ထိုနေ့ တစ္ညလုံးနီးပါး နေခဲ့သည်တော့ မဟုတ်ပေ။ သူက အဆောင်ကို မပြန်ခင် ကန်တင်းသို့ သြားကာ ခေါက်ဆွဲ စားလိုက်သေးသည်။ ထို့နောက်အဆောင်ကို ဝင်လိုက်တယ်ဆိုရင်ပဲ ကျယ်လောင်တဲ့ ဆွေးနွေးသံတွေကို ကြားလိုက်ရ၏။

အမ်ားစုကေတာ့ စာမေးပွဲနဲ့ဆိုင်တဲ့ အကြောင်းအရာတွေဖြစ်သည်။ သို့ရာတွင် သူ တံခါးကို ဖွင့်ပြီးသည့်အချိန်တွင်ပင် ဆွေးနွေးသံတွေက ရပ်သွား၏။ ရွေးချယ်စရာမရှိလေးဘဲ လုကျိုးကို မြင်တာနဲ့ သူတို့အားလုံးက တိတ်ကျသွားခြင်း ဖြစ်ပေသည်။

မင်းတို့ ဆက်ပြောကြလေ ငါ ဝင်မပါပါဘူး ငါ ဒီမွာ မရွိသလိုဘဲ သတ်မှတ်လိုက်
လုကျိုး ကို့ရို့ကားယားပြောလိုက်သည်။

ရှီရှန်းက ချောင်းဟန့်၏။
အာ ခေါင်းစဉ်ပြောင်းရအောင် ကျိုး မင်းမနေ့က စာမေးပွဲက ဘယ်လိုနေလဲ

လုကျိုးက တစ်စက္ကန့်လောက်တွေးပြီးပြောလိုက်၏။
အဆင်ပြေပါတယ်

ထို တိရစၧာန်သုံးကောင်က သူပြောတာကို ကြားတော့ စားမေးပွဲအကြောင်း ပြောတာတွေကို လုံးဝကို ရပ်တန့်လိုက်သည်။ အဲ့ဒီအစား သူတို့က ကိုယ့်နေရာကိုယ် ပြန်သွားကာ လပ်တော့တွေ ဖွင့်လိုက်ကြတော့၏။

ဟွမ်ကွမ်းမင် အမှတ်ပြည့် အမှတ်ပြည့်

ရှီရှန်း သက်ပြင်းချသည်။
အမှတ်ပြည့် သံသယရွိစရာကို မလိုဘူး

လျှို့လွေ့ ဒဏ္ဏာရီထဲက အောင်နိုင်သူပဲ ကစားရအောင် ငါ ပြင်းပြင်းထန်ထန်ကို သတ်ဖြတ်ပြီး တိုက်ခိုက်ချင်နေတယ်၊ ငါ့ရဲ့စွမ်းအားက ပြင်းထန်တဲ့ အောင်နိုင်မှုတွေကို ဆောင်ကြဉ်းနိုင်မှာ သေချာတယ်

ရှီရှန်း သေစမ်း

ဟွမ်ကွမ်းမင် မင်းကို ဘယ္သူမွ ထောက်ပံ့ပေးဘူးနော်

လျှို့လွေ့

လုကျိုး

ဆင့်ခေါ်သူရဲ့ တီးလုံးသံစဉ်က ထွက်ပေါ်လာတဲ့အခါမှာတော့ အဆောင်ခန်းက သက်ဝင် တက်ကြွလာတော့သည်။
လုကျိုးက အဝတ်အစားတွေ လဲလိုက္ကာ ရေချိုးမည်ပြင်လိုက်သည်။ သူ အားလုံးလုပ်ပြီးသွားသည့်နောက် အိပ်ယာပေါ်တက်ကာ လှဲချလိုက်တော့၏။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now