အခန်း 184

111 13 0
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၈၄
“မင်းက ဓာတ်ခွဲခန်း ငှားချင်လို့လား”
ပရော်ဖက်ဆာလီသည် လုကျိုး၏တောင်းဆိုမှုအားကြားလိုက်သည့်အချိန်တွင် အလန့်တကြား ထအော်မိလိုက်သည်။ သူက လက်ရှိတွင် ကာဗွန်နာနို ရုပ်၀တ္ထုကို လေ့လာကာ ခွဲခြမ်းစိတ်ဖြာနေခြင်း ဖြစ်သည်။

လုကျိုးသည် ဖုန်းအားကိုင်ထားရင်း ပြောလိုက်သည်။
“ဟုတ်ပါတယ်။ ကျွန်တော် စာတမ်းတွေ ဖတ်ရင်း စိတ်၀င်စားစရာကောင်းတာ တစ်ခု တွေ့လာလို့ပါ။ ဒါကြောင့် ဓာတ်ခွဲခန်း ငှားချင်လာလို့ပါ။ ကျွန်တော်သေချာလေ့လာပြီး ဒီဂျစ်တယ် မိုက်ခရိုစကုတ်ကို သုံးပါ့မယ်”

သူ့တွင် အကြောင်းပြချက်ရှိသည်။ သူသည် ပရော်ဖက်ဆာလီနှင့် ဆက်ဆံရေးကောင်းသော်လည်း သူတို့သည် သိပ်မရင်းနှီးကြပေ။ ထို့ကြောင့် သူ တွေ့ရှိသမျှကို ပြောပြရန်တော့ဖြင့် လိုအပ်မည်မထင်ပေ။

သည်တွေ့ရှိမှုတွေသည် နိုဘယ်ဆုတောင် ရနိုင်သဖြင့် အကြောင်းအရာတိုင်းသည် အလွန်တန်ကြေး ရှိပေသည်။ အထူးသဖြင့် နိုဘယ်ဆုရရန် ကြိုးစားနေသူတွေအတွက် ပို၍တောင် ဆိုးပေ၏။

“ကောင်းပြီလေ။ ဒါဆိုလည်း ငါ ဓာတ်ခွဲခန်းရဲ့ဒါရိုက်တာကို တိုက်ရိုက် ပြောလိုက်မယ်။ မင်းဓာတ်ခွဲခန်း ၃၀၄ကို ယူနိုင်တယ်။ ပြီးရင် ပရော်ဖက်ဆာ ၀မ်ရွှမ်းဖူကို သွားရှာလိုက်”

ပရော်ဖက်ဆာလီသည် မည်သည့်အတွက်ကြောင့် လုကျိုးက ဓာတ်ခွဲခန်း လိုချင်ကြောင်း သိချင်နေခဲ့သည်။ သို့သော် သူက မမေးခဲ့ပေ။ သူသည်လည်း သည်အကြောင်းအရာတွေအား နားလည်ပေ၏။

တစ်စုံတစ်ယောက်က ထိုကဲ့သို့သော ကိစ္စတွေအား အကူအညီ တောင်းလာခဲ့ပါလျှင် သူက တုံ့ဆိုင်းမည်ဖြစ်သော်လည်း လုကျိုးသည်တော့ မတူပေ။ လုကျိုးသည် သူ့အား ယခင်တစ်ခေါက်တွင် စာတမ်းရေးရာတွင် ကူညီခဲ့ဖူးသည်။ ထိုဖြစ်စဉ်သည် ယွမ်တစ်ဘီလီယံတန်သည့် ပရောဂျက်တစ်ခု ဖြစ်ခဲ့သည်။

ကျုံးရှန်း ရုပ်၀တ္ထုပစ္စည်းမှ ရှယ်ယာ ထည့်၀င်ထားခဲ့ကာ သူသည်လည်း အကျိုးကျေးဇူးများစွာ ရရှိခဲ့၏။ ထို့ကြောင့် သူက လုကျိုးက အကူအညီတောင်းတဲ့အခါ သေချာပေါက် ပြန်လည် ကူညီမည်သာဖြစ်သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now